Connect with us

Hi, what are you looking for?

သတင်း

ဒေါတနောရေထွက်ပေါက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို လက်ဦးမှုရယူတိုက်ခိုက်နိုင်၍ ​သေဆုံးမှုများဟုဆို

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

(၁၀၀၈)တပ်ရင်းရှမ်းတောင်(SSRY)
(၁၀၀၈)တပ်ရင်းရှမ်းတောင်(SSRY)

လွိုင်ကော်မြို့၊ ဒေါတနောရေထွက်ပေါက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူများပြားကြောင်း (၁၀၀၈)တပ်ရင်းရှမ်းတောင်(SSRY)က ထုတ်ပြန်သည်။

ယနေ့ (ဇွန် ၃ ရက်) နေ့လယ် ၁နာရီခွဲခန့်က စတင်ခဲ့သောတိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၂)၊တပ်ရင်း (၁၄) ၊ ကရင်နီတပ်မတော် KA နှင့် (၁၀၀၈)တပ် ရင်း ရှမ်းတောင်(SSRY)တို့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

Public Service Announcement

ထို့ကြောင့် လက်နက်အင်အားမမျှတော့သဖြင့်နေ့လယ် ၃နာရီခွဲတွင် ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲတွင် KNDF တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး (၁၀၀၈) တပ်ရင်းမှရဲဘော်တစ်ဦးအသက်အန္တာရယ် မစိုးရိမ်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စကစ ဘက်ကသေတဲ့သူများလို့ လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက်ပေးခဲ့တယ်။အခု ရဲဘော်က လက်နက် ကြီး ကျည်ထိလို့ ကျသွားရတာ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ကစ၍ လွိုင်ကော်မြို့အရှေ့ခြမ်းသို့ စစ် ကောင် စီ၏ ခလရ – ၅၃၀ မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF B – 14က ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသောနေရာများသည် မိုင်းအန္တာရယ်များရှိနေပြီး တိုက်ပွဲများဆက်လက် ဖြစ်နိုင်သာကြောင့် ပြည်သူများသွားလာခြင်း၊ တောင်ယာစိုက်ခြင်းမပြုရန် KNDF တပ်ရင်း(၂) က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook