Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုတိုက်ပွဲ စစ်​ကောင်စီယာဥ် သုံးစီးမီး​လောင်ပျက်စီး

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ဖရူဆိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မော်တော်ယာဥ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် တ​နောက​လော ​ကျေးရွာအနီး စစ်​ကောင်စီမော်​တော်ယာဥ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KNDF
KNDF

မော်တော်ယာဥ် အစီး၄၀ပါ စစ်ကောင်စီယာဥ်တန်းကို မေလ ၃၀မှ ဇွန်လ ၂ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDFတို့မှ နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင် တိုက်ခိုက်ခဲ့သည်။

မေလ ၃၀ နှင့် ၃၁ရက်တို့တွင် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNDF
KNDF

ထို့အတူ ဇွန်လ ၁ရက်နှင့် ၂ရက်တို့တွင် ထားလဲကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းအား၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးကျဆုံးပြီး ထိခိုက်မှုများပြားခဲ့ကြောင်း အသိပေး သည်။

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ယမန်နေ့က တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ စစ်ကောင်စီ၏ ​မော်​တော်ယာဥ် နှစ်စီး၊ လက်နက်ငယ် (၄)လက်၊ Anti- Drome Jam mer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။