Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုတိုက်ပွဲ စစ်​ကောင်စီယာဥ် သုံးစီးမီး​လောင်ပျက်စီး

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ဖရူဆိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မော်တော်ယာဥ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် တ​နောက​လော ​ကျေးရွာအနီး စစ်​ကောင်စီမော်​တော်ယာဥ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KNDF
KNDF

မော်တော်ယာဥ် အစီး၄၀ပါ စစ်ကောင်စီယာဥ်တန်းကို မေလ ၃၀မှ ဇွန်လ ၂ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDFတို့မှ နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင် တိုက်ခိုက်ခဲ့သည်။

မေလ ၃၀ နှင့် ၃၁ရက်တို့တွင် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNDF
KNDF

ထို့အတူ ဇွန်လ ၁ရက်နှင့် ၂ရက်တို့တွင် ထားလဲကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းအား၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးကျဆုံးပြီး ထိခိုက်မှုများပြားခဲ့ကြောင်း အသိပေး သည်။

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ယမန်နေ့က တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ စစ်ကောင်စီ၏ ​မော်​တော်ယာဥ် နှစ်စီး၊ လက်နက်ငယ် (၄)လက်၊ Anti- Drome Jam mer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။