Connect with us

Hi, what are you looking for?

သတင်း

မုံးကိုးခရိုင်ထဲ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

မုံးကိုးခရိုင်
မုံးကိုးခရိုင်

မုံးကိုးခရိုင် တာမိုင်ပေါ်ဒေသမှာ ကိုးကန့်(MNDAA) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ပူးပေါင်းတပ်နဲ့ စစ်​ကောင်စီတပ်တို့အကြား နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ကိုးကန့်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့အပေါ် ကိုးကန့် ကေအိုင်အေပူးပေါင်တပ်ဖွဲ့တွေက သတင်းရရှိပြီး မေလ ၃၁ ရက်နေ ညနေ ၄ နာရီခန့်မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တားမြစ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးမျိုးစုံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၀၅)မိုင်က စစ်ကောင်စီရဲ့လက်နက်ကြီးစခန်းကလည်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲနေရာကနေ ဦးစွာထွက်ခွာခဲ့ကာ နမ်မူတံတားဝန်းကျင်မှာ ယာယီအခြေချနေထိုင်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်မှတော့ စစ်ကောင်စီဟာ ပူးပေါင်းတပ်ဖွဲ့အခြေချတဲ့နေရာကို ဝင်ရောက်ထိုးစစ်ဆင်လာပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ခုခံတိုက်ခိုက်ခဲ့ကာ တိုက်ပွဲဟာ နာရီဝက်နီးပါးကြာ ကြာမြင့်ခဲ့ကာ စစ်ကောင်စီက (၁၀၅)မိုင်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နှစ်ရက်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး အသေးစိတ်မသိရသေးပဲ ကိုးကန့်ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook