Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံးကိုးခရိုင်ထဲ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

မုံးကိုးခရိုင်
မုံးကိုးခရိုင်

မုံးကိုးခရိုင် တာမိုင်ပေါ်ဒေသမှာ ကိုးကန့်(MNDAA) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ပူးပေါင်းတပ်နဲ့ စစ်​ကောင်စီတပ်တို့အကြား နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ကိုးကန့်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့အပေါ် ကိုးကန့် ကေအိုင်အေပူးပေါင်တပ်ဖွဲ့တွေက သတင်းရရှိပြီး မေလ ၃၁ ရက်နေ ညနေ ၄ နာရီခန့်မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တားမြစ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးမျိုးစုံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၀၅)မိုင်က စစ်ကောင်စီရဲ့လက်နက်ကြီးစခန်းကလည်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲနေရာကနေ ဦးစွာထွက်ခွာခဲ့ကာ နမ်မူတံတားဝန်းကျင်မှာ ယာယီအခြေချနေထိုင်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်မှတော့ စစ်ကောင်စီဟာ ပူးပေါင်းတပ်ဖွဲ့အခြေချတဲ့နေရာကို ဝင်ရောက်ထိုးစစ်ဆင်လာပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ခုခံတိုက်ခိုက်ခဲ့ကာ တိုက်ပွဲဟာ နာရီဝက်နီးပါးကြာ ကြာမြင့်ခဲ့ကာ စစ်ကောင်စီက (၁၀၅)မိုင်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နှစ်ရက်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး အသေးစိတ်မသိရသေးပဲ ကိုးကန့်ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။