သတင်း အာဏာသိမ်းစစ်ခေါင်းဆောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဗုံးပစ်တိုက်ခိုက် တာမွေမြို့ခံတစ်ဦးမှလည်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရောက်ရှိစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင်ရုံးအနီးလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ပိတ်ဆို့စစ်ဆေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့ကို စစ်ကော်စီက ပြန်လည်ထူထောင်ရေးလုပ်မည် ဆိုခြင်းကို ထန်တလန် CDFနှင့် ချင်းအတိုင်ပင်ခံကောင်စီ လက်မခံ ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF -KKG အသိပေး CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ယခုစာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံပညာရေးစနစ်ကျင့်သုံးရန် ကရင်နီပြည်အစိုးရ အသိပေး ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း တောင်ကိုရီးယားတွင် ဒယ်ဂူးဆရာတော် ဦးဆောင်၍ စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒပြ ဆန္ဒပြသူများက "We Support NUG" ၊ "We Support PDF" အစရှိသည့် စာသားများကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေးအတွက် သံပုံးများတီး၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီတပ်များလာမည့်လမ်းတွင် ထောင်ထားသောမိုင်းမှ ဝါယာကြိုးဆွဲမိ၍ ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးမှုအပေါ် အင်းတော်တော်လှန်ရေးအင်အားစု တောင်းပန် မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း အရာတော်-မုံရွာကားလမ်းတွင်ပြည်သူများသွားလာခြင်းမပြုရန်သတိပေး ထနောင်းဝင်း - ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ဆွီဒင်နိုင်ငံရောက်မြန်မာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုတ်ကျရေးဆန္ဒပြ ဆန္ဒပြပွဲရောက်လာသူများက မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ ၊ တော်လှန်ရေး သီချင်းများသီဆိုခြင်း၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 3, 2022