Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဗုံးပစ်တိုက်ခိုက်

တာမွေမြို့ခံတစ်ဦးမှလည်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရောက်ရှိစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင်ရုံးအနီးလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ပိတ်ဆို့စစ်ဆေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။

တာမွေမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံး
တာမွေမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံး

▪️စစ်ကောင်စီတပ်သားနှစ်ဦးထိခိုက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ဝိမုတ္တိ-လွတ် မြောက်ခြင်းသူပုန်အဖွဲ့မှ ယနေ့(ဇူလိုင် ၃)ထုတ်ပြန်သည်။

ယနေ့နေ့လည်၂ နာရီခန့်က တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါရုံးတွင် စစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သားခြောက်ဦးခန့်အစောင့်ချထားရာ အခြားလက်နက်များဖြင့် ပစ်ခတ်ရန်အခွင့်မသာခဲ့ဘဲ လက်ပစ်ဗုံးနှစ်လုံးဖြင့်သာပစ်ခတ်တိုက် ခိုက်ခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ မြန်မာပြည်ဟာ ဒီနေ့ဒီအချိန်မှာ မွေးခဲ့တဲ့ သန္ဓေယုတ်တစ်ယောက်ကြောင့် အရာရာကျဆုံးတိုင်းပြည်ဖြစ်နေပါတယ်။ ဒီတော့ ဒီမွေးဖွားခြင်းမကောင်းလာတဲ့ မအလအတွက် မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်လိုက်တာပါဗျ”ဟု ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေး သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် အစောင့်ချထားသည့် စစ်ကောင်စီတပ်သားခြောက်ဦးအနက် နှစ်ဦးထိ ခိုက်သွားပြီး သေဆုံးခြင်းရှိ၊မရှိ ဆက်လက်စုံ စမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

တာမွေမြို့ခံတစ်ဦးမှလည်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရောက်ရှိစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင်ရုံးအနီးလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ပိတ်ဆို့စစ်ဆေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။

“နေ့လယ်က အဲရုံးနားက ဆိုင်တစ်ဆိုင်မှာ ပစ္စည်းသွားဝယ်တာ။ အဲဒီအချိန်ပေါက်ကွဲမှုဖြစ်သွားတော့ ချက်ချင်းလှည့်ပြန်ခဲ့ရတယ်။ စစ်ခွေးတွေခြေရှုပ်နေလို့”ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် အခက်အခဲများကြားမှ အသက်နှင့်ရင်းပြီး စစ်အာဏာရှင်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်နေချိန်တွင် ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ပေးကြရန် ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်အဖွဲ့က မေတ္တာရပ်ခံ တိုက်တွန်းသည်။

ယနေ့ ဇူလိုင် ၃ ရက်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ (၆၆)နှစ် မြောက်မွေးနေ့ဖြစ်ပြီး ၎င်း၏မွေးနေ့အားရည်ရွယ်ပြီး တော်လှန်ရေးအင်အားစုများက ပုံစံအမျိုးမျိုးဖြင့် အာဏာရှင်ကိုတော်လှန်ကြောင်း ပြသမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။