Connect with us

Hi, what are you looking for?

သတင်း

အရာတော်-မုံရွာကားလမ်းတွင်ပြည်သူများသွားလာခြင်းမပြုရန်သတိ​ပေး

ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။

အရာတော်-မုံရွာကားလမ်း
အရာတော်-မုံရွာကားလမ်း

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာကားလမ်းပေါ်တွင်စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကယနေ့(ဇူလိုင်လ၃ရက်)နံနက်တွင် သတိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ပုံစံအမျိုးမျိုးဖျက်ကာ သွားလာခြေရှုပ်နေသောကြောင့် ခွဲခြားရခက်ပါသဖြင့် သွားလာခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံသတိပေး​ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတိပေးကြေညာသည်။

မသင်္ကာသည့်ကားများအားဖောက်ခွဲမှုပြုလုပ်သွားမည်ဖြစ်ပြီးရောက်ရှိနေသောမိတ်ဆွေများရှိပါကဖုန်းဆက်အကြောင်းကြားပေးကြပါရန်လည်းသပြေညိုပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာပေးမည်ဟုအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါလမ်းပိုင်း ယာယီပိတ်သိမ်းခြင်းအား သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing PDF – A.B.N PDF၊ Ayadaw Falcon Force၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့၊AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Danger Force LPDFစသည့် မဟာမိတ်အဖွဲ့များက တားမြစ်ထားခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းမှစ၍ အရာတော်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ကားဖြင့်တစ်ဖွဲ့၊ ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ အရှေ့သို့ အင်အား(၃၀)ခန့်ပါ စစ်ကောင်စီခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ နှစ်နေရာခွဲ၍ အရာတော် – မုံရွာလမ်းပေါ်တွင် ရောက်ရှိနေကြောင်း သိရသည်။

အရာတော်မြို့မှ နံနက် ၄ နာရီခွဲခန့်က ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အရာတော် – မုံရွာလမ်းပေါ်ရှိ ကမ်းပြူကျေးရွာမှ အနောက်သို့ ခြေလျင်ဖြန့်ဆင်းနေကြောင်း အရာတော်ပို့စ်က ​ဖော်ပြသည်။

ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။