Connect with us

Hi, what are you looking for?

သတင်း

ဆွီဒင်နိုင်ငံ​ရောက်မြန်မာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုတ်ကျရေးဆန္ဒပြ

ဆန္ဒပြပွဲရောက်လာသူများက မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ ၊ တော်လှန်ရေး သီချင်းများသီဆိုခြင်း၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - SMSC
ဓာတ်ပုံ - SMSC

ဆွီဒင်နိုင်ငံတွင်ရောက်ရှိနေသော မြန်မာများစုစည်းကာ ယမန်နေ့ (ဇူလိုင် ၂)က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်အုပ်စု အမြန်ဆုံးပြုတ်ကျရေး ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို SWEDISH MYANMAR SUPPORTING COMMUNITY (SMSC) အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသူဦးရေ ၅၀ကျော်ရှိခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲရောက်လာသူများက မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ ၊ တော်လှန်ရေး သီချင်းများသီဆိုခြင်း၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်က ကျေးရွာများကို မီးရှို့ခြင်း၊ ​ဒေသခံများကို လူမဆန်စွာ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းများကို ကန့်ကွက်ရှုံ့ချရန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သေဒဏ်ချမှတ်ခြင်းခံထားရသော ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် တို့နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်၊ မြန်မာနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများကိုသာ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးမှုအား NUG အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံကာ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေး အစီအစဉ်များ လုပ်ဆောင်ပေးရန်၊ စစ်တပ်သည် နိုင်ငံတော်အား သစ္စာဖောက်ကာ ပြည်သူအား သတ်ဖြတ်ညှင်းဆဲ လက်နက်နှင့် အနိုင်ကျင့်နေသည့် အတွက် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု ရှိစေရေး အဓိက ကြိုးပမ်းနေသည့် NUG အစိုးရကိုသာ လိုအပ်သည့် အကူအညီများ ပေး၍ အပြစ်မဲ့ သတ်ဖြတ်ခံရမှုများ အဆုံး သတ်စေရေး နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် အတွက်လည်း တောင်းဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။