Connect with us

Hi, what are you looking for?

သတင်း

ယခုစာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံပညာရေးစနစ်ကျင့်သုံးရန် ကရင်နီပြည်အစိုးရ အသိပေး

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။

(ကရင်နီဒေသတွင် ကြားကာလပညာရေးသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။ ဓါတ်ပုံ-နွေဦးဂုရုလေးများ)
(ကရင်နီဒေသတွင် ကြားကာလပညာရေးသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။ ဓါတ်ပုံ-နွေဦးဂုရုလေးများ)

ကရင်နီပြည်နယ်အတွင်းကြားကာလပညာရေးနှင့်ပတ်သက်ပြီး ယခု ၂၀၂၂-၂၀၂၃စာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံသုံးပညာရေးစနစ်ကျင်းသုံးရန်ကရင်နီပြည်နယ်အစိုးရ၊ပညာရေးဝန်ကြီးဌာနကအသိ​ပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂)ရက်စွဲဖြင့်ထုတ်ပြန်သောအ သိပေးထုတ်ပြန်ချက်အရ ဒေသအလိုက်ဖွင့်လှစ်သွားကြသည့် ကြားကာလ ပြည်သူအခြေ ပြု အခြေခံပညာရေးအတွက် ပညာ သင်နှစ်တစ်နှစ်တွင်Two Semesterဖြင့် ၂၀၂၂-၂၃ပညာသင်နှစ်မှစ၍ မိခင်ဘာသာ စကားအခြေ ပြု ဘာသာစကားစုံပညာရေးစနစ်(MTB-MLE) အသုံးပြုရန် ဖော်ပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျောင်းများဖွင့်လှစ်သင်ကြားပေးနေသော်လည်းကရင်နီပြည်(ကယား)မှ ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်မှာစစ်ကောင်စီဖွင့်သောကျောင်းများတွင် တက်ရောက်ခြင်းမရှိဘဲခိုင်မာစွာရပ်တည်ထားသည်ကိုတွေ့ရသည်ဟုဆိုသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပညာရေးကော်မတီ ထုတ်ပြန်ချက်အတိုင်း စဥ်ဆက်မပြတ်ပညာရေး ဆက် လက်သင်ယူခွင့်ရရန် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ကြားကာလ ပြည်သူအခြေပြုကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်ဟု ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကြားကာလပညာရေး၌ကျောင်းသားလူငယ်များ၏စိတ်ကူး၊ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်မားစေမှုကို ဦးစားပေးပြီး လေ့ လာသင်ယူနိုင်ရန် ရည်ရွယ်သည်ဟု ဖော်ပြ သည်။

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။

ပုံမှန်ကျောင်းပညာရေးပြန်လည်ရရှိလာပါကလည်း ကျောင်းသားလူငယ်များအတွက် လွယ် ကူရိုးရှင်းသော အတန်းတင်ခြင်းစနစ်ကို ဆက် လက်အသိပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။