သတင်း ရန်ကုန်မြို့ ပုဇွန်တောင်စျေး သုံးရက်ဆက်မီးလောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေဟု သုံးသပ် ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မန္တလေးမှာ ရှေ့နေ ၂ ဦး ထပ်မံဖမ်းဆီးခံရ၊တပတ်အတွင်း ပစ်မှတ်ထားဖမ်းခံရတဲ့ ရှေ့နေ ၅ ဦးထိရှိလာ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ပြော တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီတပ်စခန်း ၅ခုကို ယမန်နေ့ကတစ်ပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထုတ်ပြန် ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမှု နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ အရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မင်းတပ်တွင်ကျောင်းဖွင့်ရန်ဆွေးနွေးစဥ်စစ်တပ်လေယာဥ်နှစ်စီးဗုံးလာကျဲ၍ပြည်သူ၃ဦးသေဆုံးပြီး၁၁ဦးဒဏ်ရာရ စစ်ကောင်စီသည် မိနစ်ပိုင်းအတွင်း လေကြောင်းမှ နှစ်ကြိမ်လာရောက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် ဒေသခံပြည်သူများ ဝရုန်းသုန်းကားဖြင့်ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ချောင်းဦးမြို့နယ်တွင် ထန်းတောအတွင်း ဝိုင်းဖွဲ့ထိုင်နေသည့် စစ်သားများအားဒရုန်းဖြင့်တိုက်ခိုက်ရာအနည်းဆုံး၁၂ ဦးသေဟု CDSOM ပြော ဇွန်လ ၂၉ရက် နံနက် ၁၁နာရီအချိန်က မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့က ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးထက်မနည်းသေဆုံးနိုင်သည်ဟု ဒေသတွင်းမဟာမိတ်အဖွဲ့များက အသိပေးထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက် ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း စစ်ကောင်စီမီးရှို့သွားသောနေအိမ်များကိုPDFများရှင်းလင်းပေးစဥ်တွေ့သောလက်ဝတ်ရတနာများကိုပိုင်ရှင်ထံပြန်ပေး ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း ရေးမြို့ပေါ်မှာ စစ်ကားနှစ်စီးနှင့် လဝကရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု YGF ပြောက်ကျားတပ် အသိပေး YGF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအား စစ်ရေးအရှိန်မြှင့်၍တိုက်ခိုက်သွားမည်ဖြစ်ရာပြည်သူများအနေဖြင့်လည်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပေးကြရန် အသိပေးသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း ဖာပွန်ခရိုင်ထဲမှာ ဇွန်လအတွင်း စစ်ကောင်စီ၊BGFပူးပေါင်းတပ် နဲ့တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ် ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။ LuduNwayOoဇူလိုင် 2, 2022