Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်က NLD ပါတီဝင်တွေ ပိုင်ဆိုင်ဆိုင်တဲ့စီးပွားရေးလုပ်ကိုင်ရာနေရာတွေကို သွေးသောက်အမည်ခံအဖွဲ့ ဗုံးထောင်ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက် ညပိုင်းက မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ( ၄ ) မှာရှိတဲ့ မင်းခန့်ကျော် ကွမ်းယာဆိုင်၊နယ်မြေ ( ၅ ) မှာရှိ ရူပါရုံ အလှပြင်ဆိုင်၊ နန်းတော်ကုန်းရပ်ကွက် ထောင်ကြီးတိုက်တန်းမှာရှိတဲ့ ကွင်းအင်ပါယာအလှပြင်ဆိုင်တို့မှာ ဖောက်ခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပါ။

ဖောက်ခွဲခံရတဲ့နေရာတွေဟာ NLD ပါတီဝင်တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဒီလို ဖောက်ခွဲဖျက်ဆီးတဲ့အကြောင်းကို အာဏာသိမ်းစစ်အုပ်စု ကို လော်ဘီလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ဖျက်ဆီးခံရတဲ့နေရာတွေမှာ သွေးသောက်အဖွဲ့ အနီရောင် စစ်ဆင်ရေး တံဆိပ်ပါတဲ့ စတေကာတွေ ကပ်ထားခဲ့တယ်လို့ လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ဖမ်းဆီးသွားလို့ ကျန်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားတယ်လို့ သတင်းထွက်နေပါတယ်။

ဆောင်းပါး

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

သတင်း

မိတ္ထိလာမြို့အနီး၌ ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ၅အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့(ဧပြီ ၁၃ရက်) နံနက် ၈နာရီ၅၅မိနစ်က လှုပ်ခတ်သွားပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပြင် ဒေသအများစု အထိတ်တလန့် ဖြစ်ခဲ့ကြသည်။

သတင်း

လက်ပံတန်း၊ မကွေးနှင့် မိတ္ထီလာမြို့နယ်တို့တွင် နှစ်ရက်အတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။