Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်က NLD ပါတီဝင်တွေ ပိုင်ဆိုင်ဆိုင်တဲ့စီးပွားရေးလုပ်ကိုင်ရာနေရာတွေကို သွေးသောက်အမည်ခံအဖွဲ့ ဗုံးထောင်ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက် ညပိုင်းက မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ( ၄ ) မှာရှိတဲ့ မင်းခန့်ကျော် ကွမ်းယာဆိုင်၊နယ်မြေ ( ၅ ) မှာရှိ ရူပါရုံ အလှပြင်ဆိုင်၊ နန်းတော်ကုန်းရပ်ကွက် ထောင်ကြီးတိုက်တန်းမှာရှိတဲ့ ကွင်းအင်ပါယာအလှပြင်ဆိုင်တို့မှာ ဖောက်ခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပါ။

ဖောက်ခွဲခံရတဲ့နေရာတွေဟာ NLD ပါတီဝင်တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဒီလို ဖောက်ခွဲဖျက်ဆီးတဲ့အကြောင်းကို အာဏာသိမ်းစစ်အုပ်စု ကို လော်ဘီလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ဖျက်ဆီးခံရတဲ့နေရာတွေမှာ သွေးသောက်အဖွဲ့ အနီရောင် စစ်ဆင်ရေး တံဆိပ်ပါတဲ့ စတေကာတွေ ကပ်ထားခဲ့တယ်လို့ လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး
မိတ္ထီလာမှာ သွေးသောက်အဖွဲ့အမည်ခံအဖွဲ့ ဈေးဆိုင်တွေကို ဗုံးထောင်ဖျက်ဆီး

ပြီးခဲ့တဲ့ ဧပြီလထဲကစပြီး မန္တလေးမှာ သွေးသောက်အမည်ခံအဖွဲ့ စတင်ပေါ်ပေါက်လာပြီး NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။