Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF -KKG အသိ​ပေး

CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ဓါတ်ပုံ- CDF KKG တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF-KKG
ဓါတ်ပုံ- CDF KKG တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF-KKG

ဂန့်ဂေါမြို့ရှိ စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF-KKG က ယနေ့(ဇူလိုင် ၃ ရက်)တွင် ထုတ်ပြန် သည်။

ဖြစ်စဥ်မှာ ယခုလ ၁ရက် နံနက် ၆ နာရီ မိနစ် ၅၀ခန့်ကစ၍ ခလရ(၅၀)မှ အင်အား ၄၀ခန့်သည် CDF KKG ၏ တပ်ရင်း(၆) စစ်ဆေးရေးဂိတ်(ရှုံးရှီရွာ နှင့် အောင်မြင်ရွာကြား)သို့ တိုက်ကင်းလှည့်လာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

သာလွန် လူ၊လက်နက်အင်အားကြောင့် စစ်ဆေးရေးဂိတ်ကို စွန့်လွှတ်ခဲ့ရသော်လည်း အောင်မြင်ရွာထဲသို့ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားခဲ့ရာ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သဖြင့် မအောင်မြင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အ​နောက်ပိုင်းတိုင်းတပ်မဟာ(၇) ၊တပ်ရင်း(၇၀၆)မှတပ်ဖွဲ့ဝင်များ။ ။ဓာတ်ပုံ-PDF တပ်မဟာ(၇)
အ​နောက်ပိုင်းတိုင်းတပ်မဟာ(၇) ၊တပ်ရင်း(၇၀၆)မှတပ်ဖွဲ့ဝင်များ။ ။ဓာတ်ပုံ-PDF တပ်မဟာ(၇)

နေ့လည် ၁၁နာရီတွင် အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၆) မှ (Hyper UAV Drone)မှ ရဲဘော်အချို့တိုက်ပွဲသို့ လာရောက်ပူးပေါင်းခဲ့ကာ စစ်ကောင်စီတပ်ကို ဒရုန်းသီးများချခြင်း ကင်းထောက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု CDF KKG က ပြောသည်။

ထို့နောက် အောင်မြင်ရွာမှ စစ်ကောင်စီတပ်သည် မွန်းလွဲပိုင်းတွင် အုတ်ဖိုရွာဘက်သို့ ထွက်ခွာလာ၍ CDF KKG တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် စံပယ်ဘကြီး – ကိုင်းကလယ်ချောင်းတောလမ်းတွင် မိနစ်အနည်း ငယ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

မွန်းလွဲ ၃ နာရီခန့်တွင် ရှောက်ပင်ရွာတောင်ဘက် နှမ်းခင်းမှ ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တစ်နေ့တာ တိုက်ပွဲများအတွင် စစ်ကောင်စီတပ် မှ သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ဒဏ်ရာရရှိသူများရှိမည်ဟု CDF KKG က ခန့်မှန်းသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် များထိခိုက် ကျဆုံးမှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်မှာ ပြည်သူတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရှောက်ပင်ရွာမှ ပြည်သူများ၏ ဖုန်းကိုယူဆောင်သွား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်