Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF -KKG အသိ​ပေး

CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ဓါတ်ပုံ- CDF KKG တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF-KKG
ဓါတ်ပုံ- CDF KKG တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF-KKG

ဂန့်ဂေါမြို့ရှိ စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF-KKG က ယနေ့(ဇူလိုင် ၃ ရက်)တွင် ထုတ်ပြန် သည်။

ဖြစ်စဥ်မှာ ယခုလ ၁ရက် နံနက် ၆ နာရီ မိနစ် ၅၀ခန့်ကစ၍ ခလရ(၅၀)မှ အင်အား ၄၀ခန့်သည် CDF KKG ၏ တပ်ရင်း(၆) စစ်ဆေးရေးဂိတ်(ရှုံးရှီရွာ နှင့် အောင်မြင်ရွာကြား)သို့ တိုက်ကင်းလှည့်လာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

သာလွန် လူ၊လက်နက်အင်အားကြောင့် စစ်ဆေးရေးဂိတ်ကို စွန့်လွှတ်ခဲ့ရသော်လည်း အောင်မြင်ရွာထဲသို့ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားခဲ့ရာ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သဖြင့် မအောင်မြင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အ​နောက်ပိုင်းတိုင်းတပ်မဟာ(၇) ၊တပ်ရင်း(၇၀၆)မှတပ်ဖွဲ့ဝင်များ။ ။ဓာတ်ပုံ-PDF တပ်မဟာ(၇)
အ​နောက်ပိုင်းတိုင်းတပ်မဟာ(၇) ၊တပ်ရင်း(၇၀၆)မှတပ်ဖွဲ့ဝင်များ။ ။ဓာတ်ပုံ-PDF တပ်မဟာ(၇)

နေ့လည် ၁၁နာရီတွင် အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၆) မှ (Hyper UAV Drone)မှ ရဲဘော်အချို့တိုက်ပွဲသို့ လာရောက်ပူးပေါင်းခဲ့ကာ စစ်ကောင်စီတပ်ကို ဒရုန်းသီးများချခြင်း ကင်းထောက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု CDF KKG က ပြောသည်။

ထို့နောက် အောင်မြင်ရွာမှ စစ်ကောင်စီတပ်သည် မွန်းလွဲပိုင်းတွင် အုတ်ဖိုရွာဘက်သို့ ထွက်ခွာလာ၍ CDF KKG တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် စံပယ်ဘကြီး – ကိုင်းကလယ်ချောင်းတောလမ်းတွင် မိနစ်အနည်း ငယ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

မွန်းလွဲ ၃ နာရီခန့်တွင် ရှောက်ပင်ရွာတောင်ဘက် နှမ်းခင်းမှ ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တစ်နေ့တာ တိုက်ပွဲများအတွင် စစ်ကောင်စီတပ် မှ သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ဒဏ်ရာရရှိသူများရှိမည်ဟု CDF KKG က ခန့်မှန်းသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် များထိခိုက် ကျဆုံးမှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်မှာ ပြည်သူတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရှောက်ပင်ရွာမှ ပြည်သူများ၏ ဖုန်းကိုယူဆောင်သွား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။