Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်တွင် ထန်းတောအတွင်း ဝိုင်းဖွဲ့ထိုင်နေသည့် စစ်သားများအားဒရုန်းဖြင့်တိုက်ခိုက်ရာအနည်းဆုံး၁၂ ဦး​သေဟု CDSOM ​ပြော

ဇွန်လ ၂၉ရက် နံနက် ၁၁နာရီအချိန်က မြောင်မြို့နယ်တွင် စစ်​ကောင်စီတ​​ပ်အား မဟာမိတ်အဖွဲ့က ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးထက်မနည်းသေဆုံးနိုင်သည်ဟု ဒေသတွင်းမဟာမိတ်အဖွဲ့များက အသိပေးထားသည်။

(မြောင် CDSOMအဖွဲ့က ဒရုန်းတစ်ခုအား စစ်ဆင် ရေးတစ်ခုအတွက် ပြင်ဆင်နေစဥ်)
(မြောင် CDSOMအဖွဲ့က ဒရုန်းတစ်ခုအား စစ်ဆင် ရေးတစ်ခုအတွက် ပြင်ဆင်နေစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ထန်းတောအတွင်း ဝိုင်းဖွဲ့ထိုင်နေသည့်စစ်ကောင်စီတပ်သားများအားဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာစစ်သား ​အနည်းဆုံး ၁၂ ဦးသေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (ဇူလိုင်၁)က ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့(ဇူလိုင်လ ၂ ရက်) ညနေ ၄နာရီ​ကျော်တွင် ချောင်းဦး
နှင့် ငါးယှန်ရွာအကြားရှိ ထန်းတောအတွင်း ဝိုင်းဖွဲ့ထိုင်နေခဲ့ကြသည်။

အုပ်စုဖွဲ့ထိုင်​နေ​သော စစ်​ကောင်စီတပ်သားများ၏ ဝိုင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ရာ မျက်မြင်​တွေ့ရှိသူများ၏​ပြောကြားချက်အရ အနည်းဆုံး ၁၂ ဦး​သေဆုံး​ကြောင်း CDSOM အဖွဲ့ နှင့်ချောင်းဦးမြို့နယ်တော်လှန်ရေးအဖွဲ့(CRA)တို့က ယ​နေ့ညတွင်ထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်စစ်အုပ်စုမှ အင်အား ၁၅၀ခန့်ပါသော စစ်ကြောင်းသည် မှန်ချိုရွာမှ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် ချောင်းဦး – မန္တလေး လမ်းပိုင်းပေါ်ရောက်လာခဲ့သည်။ ယင်းစစ်ကြောင်းမှ ရှေ့ပိုင်း အင်အား ၅၀ဝန်းကျင်ခန့်သည် လမ်းပေါ်မောင်းနှင်လာသော တွဲကားတစ်စီးအား တားခဲ့သည်။ အဆိုပါ ကားပေါ်အတက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါချခဲ့ရာ ဒရုန်းမှာ Air Drop Error ကြောင့် ဒရုန်းစစ်ဆင်ရေး အောင်မြင်မှုရရန် လွဲချော်ခဲ့ရသည်ဟု CDSOMက အသိပေးသည်။

Public Service Announcement

Public Service Announcement

“သေတာကပထမဖြစ်စဥ်မှာပါ။ ဒုတိယဖြစ်စဥ်မှာ error ကြောင့် အီနာဂါချမရဖြစ်သွားတယ်။”ဟု CDSOM တာဝန်ရှိသူက ပြောသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးများအား CDSOM ၏ Drone Team၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက် ရေးနှင့်ကာကွယ်ရေးအဖွဲ့ 012၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK၊ Young Fighter People’s Defence Force of Myaung၊ Shwe – Ao Revolution Force၊ Chaung U Middle Wolves Army၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHUPDF၊ Black Eagle Defense Force – MMU မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့၊ Myinmu Civil Revolution Force – CRF မြင်းမူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၊ MPTF မုံရွာကာကွယ် ရေးအဖွဲ့၊ Chaung U Revolution Army ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်ခွဲ (၂)နှင့် PDF-Taloke စသည့် ညီနောင်မဟာမိတ်အဖွဲ့ (၁၂)ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဇွန်လ ၂၉ရက် နံနက် ၁၁နာရီအချိန်က မြောင်မြို့နယ်တွင် စစ်​ကောင်စီတ​​ပ်အား မဟာမိတ်အဖွဲ့က ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးထက်မနည်းသေဆုံးနိုင်သည်ဟု ဒေသတွင်းမဟာမိတ်အဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။