Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်း ၅ခုကို ယမန်နေ့ကတစ်ပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထုတ်ပြန်

ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမှု နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ အရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သောလက်နက်အချို့ ဓါတ်ပုံ-KNU
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သောလက်နက်အချို့ ဓါတ်ပုံ-KNU

▪️တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများရ

▪️လေကြောင်းမှတိုက်ခိုက်၍ မိသားစုတစ်ခုမှ အရပ်သား ​လေးဦးသေဆုံးခဲ့ပြီးသက်ကြီးရွယ်အိုတစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို ယမန်နေ့က တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂ရက် နံနက် ၅နာရီခန့်တွင် မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ဆိုသည်။

ယင်းစခန်းများသည်အများပြည်သူ သွားလာလှုပ်ရှားမှုများပြုလုပ်ရာတွင် ဟန့်တားနှောင့်ယှက် စစ်ဆေးမှု များပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်ကြောင်း ဖော်ပြသည်။

အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင်အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့ စစ် ​လေးဦးသေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုစခန်းများအား အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမှု နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ အရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်သည်။

အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်မည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့၍အပြီးသတ်ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။

စခန်းများအသိမ်းခံရသဖြင့် စစ်​ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာ​ရောက်စစ်ကူ​ပေးစဥ် ။ ။ဓါတ်ပုံ-CJ
စခန်းများအသိမ်းခံရသဖြင့် စစ်​ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာ​ရောက်စစ်ကူ​ပေးစဥ် ။ ။ဓါတ်ပုံ-CJ

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ​လေးဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျွန်းပင်ဆိတ်ကျေးရွာနေ အသက် ၇၀အရွယ် အဘိုးအိုတစ်ဦး လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ကျန်ထိခိုက်မှုများကို အတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲများနှင့် နီးသည့် ကျေးရွာအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်နေကြသည့် ကျေးရွာများကို အတည်ပြုနိုင်ရန် ကြိုးစားနေကြောင်းလည်း ဖော်ပြထားသည်။

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း အသိပေးထားသည်။

ထို့အပြင် မှန်ကန်သည့်သတင်းအချက်အလက်များကို စစ်ရေး လုံခြုံရေးအရ လိုအပ်သလိုထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်၍ KNU၏သတင်းဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာပေးရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – KNU

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။