Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်

ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။

ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်
ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်

ရန်ကုန်မြို့ ပုဇွန်တောင်‌ဈေး၌ သုံးရက်ဆက် မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင် ၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ရက်ကလည်း ယင်းဈေး၌ မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့‌သည်။

Public Service Announcement

Public Service Announcement

အထက်ပါကဲ့သို့ နေရာတစ်ခုတည်း၌ မီးလောင်မှု အကြိမ်ကြိမ်ဖြစ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူများက မီးသတ်တပ်ဖွဲ့၏ ပို့စ်အောက်၌ မှတ်ချက်များရေးသားထားသည်။

“ဈေးကြီးက အကျယ်ကြီးဘဲလေ။ မြေက နေရာကောင်း တန်ဘိုးရှိတာကိုး”ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက‌ မှတ်ချက်ပေးသည်။

ဈေးအသစ်ဆောက်မည်ဆိုပါက ဈေးဟောင်းများကို မီးရှို့သည့် အစဉ်အလာရှိသောကြောင့် ဈေးအသစ်ဆောက်ရန် ဇာတ်လမ်းဆင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူအချို့က သုံးသပ်သည်။

“ခဏခဏမီးလန့်နေတယ် မီးဘေးစိတ်မချရတော့ဘူး ဖျက်သိမ်းရတော့မယ် အကွက်တွေအကွက်တွေ မပြောချင်ဘူးနော်”ဟု အမျိုးသမီးတစ်ဦးကမှတ်ချက်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။