Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တွင်​ကျောင်းဖွင့်ရန်​ဆွေး​နွေးစဥ်စစ်​တပ်​လေယာဥ်နှစ်စီးဗုံးလာကျဲ၍ပြည်သူ၃ဦး​သေဆုံးပြီး၁၁ဦးဒဏ်ရာရ

စစ်ကောင်စီသည် မိနစ်ပိုင်းအတွင်း လေကြောင်းမှ နှစ်ကြိမ်လာရောက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း​ဖြစ်ပြီး က​လေးငယ်များအပါအဝင် ​ဒေသခံပြည်သူများ ဝရုန်းသုန်းကားဖြင့်ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်က ​လေယာဥ် ၂ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး​​​နောက်​တွေ့ရ​သောအပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

မင်းတပ်တွင် ပြည်သူလူထုအခြေပြု စာသင်ကျောင်းများဖွင့်လှစ်ရေးအတွက် ​ဒေသခံပြည်သူများအစည်းအဝေးပြုလုပ်နေသည့်နေရာကို စစ်ကောင်စီတပ်က ယ​နေ့နံနက်ပိုင်းတွင်လေကြောင်းမှလာ​ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား သုံဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

ယနေ့(ဇူလိုင ၂)နံနက်၁၁နာရီခန့်ကမင်းတပ်မြို့ ချပ်ကျေးရွာမှစာသင်ကျောင်းတွင် အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီတပ်မှ​လေယာဥ်နှစ်စီးကလာ​ရောက်တိုက်ခိုက်​ခြင်းဟု ဒေသခံများကပြောသည်။

“အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်သေဆုံးတယ်။၁၁ယောက် ဒဏ်ရာရတယ်။အဲ ဒါတောင် ပစ်မှတ်က လွဲလို့။ မဟုတ်ရင် ရာချီသေမှာ” ဟု ယင်းဖြစ်စဥ်ကိုမြင်​တွေ့ခဲ့သည့် ဒေသခံ ကျောင်းသားမိဖတစ်ဦးကပြောသည်။ ၎င်ူကိုယ်တိုင်လည်း ​ကျောင်းများဖွင့်လှစ်​ရေးအစည်းတက်ရန် သွား​နေစဥ် လမ်းတစ်ဝက်အ​ရောက်၌ ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆက်​ပြောသည်။

စစ်ကောင်စီသည် မိနစ်ပိုင်းအတွင်း လေကြောင်းမှ နှစ်ကြိမ်လာရောက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း​ဖြစ်ပြီး က​လေးငယ်များအပါအဝင် ​ဒေသခံပြည်သူများ ဝရုန်းသုန်းကားဖြင့်ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်က ​လေယာဥ် ၂ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး​​​နောက်​တွေ့ရ​သောအပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​လေယာဥ် ၂ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး​​​နောက်​တွေ့ရ​သောအပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

သေဆုံးသူ သုံးဦးအနက် နှစ်ဦးသည် နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ တစ်ဦးသည် ညနေဘက်တွင်ဆေးကုသနေစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူ ၁၁ဦးသည် ဆေးကုသမှုခံယူနေဆဲဟု သတင်းရရှိသည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနကလည်းချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ယ​နေ့​နေ့ခင်းပိုင်းတွင်ထုတ်ပြန်သည်။

ဇူလိုင် ၂ရက်နံနက် ၁၁နာရီ ဝန်းကျင်၌ စစ်ကောင်စီတပ်က ဗုံးကြဲလေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကိုအပြာရောင်ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲမရှိဘဲစစ်​ကောင်စီတပ်ကဗုံးလာကျဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။