Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်ထဲမှာ ဇွန်လအတွင်း စစ်​ကောင်စီ၊BGFပူး​ပေါင်းတပ် နဲ့တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

KNLA
KNLA

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)ပူး​ပေါင်အဖွဲ့တို့အကြား ဇွန်လ တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲပေါင်း ၂၂၃ ကြိမ်မှာ စစ်ကောင်စီ၊ BGFပူး​ပေါင်းတပ်ဘက်က (၉၄)ဦးသေဆုံးကာ (၅၅)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ ဗိုလ်ကြီး(ဒု-ခွဲမှူး) နှစ်ဦးပါဝင်တယ်လို့ တပ်မဟာ ၅ ထံကနေ သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ထောက်ပို့မြင်းလား(၁၃)ကောင်ကို ချေမှုန်းနိုင်ခဲ့ပြီး (၁၁)ကောင်တိတိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့အပြင် ထောက်ပံ့ရေးမော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ပြီး ဒေသခံပြည်သူရဲ့ ဥယျာဉ်ခြံမြေထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်(၂၅)လုံး ပစ်ချခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။