Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ထဲမှာ ဇွန်လအတွင်း စစ်​ကောင်စီ၊BGFပူး​ပေါင်းတပ် နဲ့တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

KNLA
KNLA

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)ပူး​ပေါင်အဖွဲ့တို့အကြား ဇွန်လ တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲပေါင်း ၂၂၃ ကြိမ်မှာ စစ်ကောင်စီ၊ BGFပူး​ပေါင်းတပ်ဘက်က (၉၄)ဦးသေဆုံးကာ (၅၅)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ ဗိုလ်ကြီး(ဒု-ခွဲမှူး) နှစ်ဦးပါဝင်တယ်လို့ တပ်မဟာ ၅ ထံကနေ သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ထောက်ပို့မြင်းလား(၁၃)ကောင်ကို ချေမှုန်းနိုင်ခဲ့ပြီး (၁၁)ကောင်တိတိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့အပြင် ထောက်ပံ့ရေးမော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ပြီး ဒေသခံပြည်သူရဲ့ ဥယျာဉ်ခြံမြေထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်(၂၅)လုံး ပစ်ချခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။