သတင်း ဝိုင်းမော် ခလရ(၅၈)အနီး တိုက်ပွဲပြင်းထန် ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နဲ့ မြစ်သာခြားတဲ့ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 13, 2026
သတင်း မကွေးနဲ့ ချင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်းအရပ်သား ၁၁ ဦးသေဆုံး စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖေဖော်ဝါ ရီ လ ၁၀ ရက်တစ်ရက်တည်းမှာတင်မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား တစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေး စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဘက်မှာ ယခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲဆီ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း နတ်တလင်းကို စစ်တပ်လေကြောင်း ဗုံးကြဲ ၊ ဒေသခံတစ်ဦး သေဆုံး ပဲခူးတိုင်း ၊ အနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း ဖာပွန်နဲ့ မြဝတီက နေရာအချို့ စစ်ကောင်စီလေတပ်ဗုံးကြဲ ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း ချင်းမြောက်ပိုင်းကို စစ်ကောင်စီတပ် ထပ်မံ အင်အားဖြည့် ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း သရက်ချောင်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီး ၉ဦးသေ၊ လက်နက် ၇လက် KNLA ပူးပေါင်းတပ် သိမ်းရ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း ချင်းတွင်းမြစ်ကမ်းပြိုမှာစိုးလို့ ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကနီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့ သတိပေး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း PDF၊ပကဖ AA နဲ့ပူးပေါင်းပြီး ကန့်ဘလူခရိုင်က စစ်တပ်စခန်း ၄ခုနဲ့ စစ်ကြောင်းကို တိုက်ခိုက်သိမ်းပိုက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖနဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ စခန်းလေးခုနဲ့ စစ်ကြောင်းတစ်ကြောင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ် ၁၀၀ နီးပါးသေဆုံးကာ သုံ့ပန်း ၁၀၀ကျော် ဖမ်းမိတယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026