Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း ၃၀က ပြည်သူတွေတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ကနီနှင့် ယင်းမာပင်နယ်တွင် စစ်ဘေးရှောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pyae Aung Naing-ကနီ၊ Naing Naing Oo)

မေ-၁၉၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကစတင်ကာ ကနီမြို့နယ်အတွင်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ စစ်ကြောင်းကြောင့် ကနီမြို့နယ်တွင်း ကျေးရွာပေါင်း ၂၈ ရွာရှိ အိမ်ထောင်စု ၅၁၁၆ စုမှ ဒေသခံပြည်သူ ၂၄၆၈၉ ဦးဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

“ရှောင်တိမ်းချိန်ကြာလာပြီဖြစ်လို့ စားဝတ်နေရေးအခက်အခဲတွေနဲ့ တွေ့ကြုံနေကြရပါတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်း ဝင်ရောက်နေချိန် ကာလအတွင်း လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁ ဦးရှိပြီး အဆောက်အအုံ ၃၀ နီးပါး မီးရှိူ့ဖျက်ဆီးခံထားရတယ်လို့ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကနီမြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၃၁ရွာ ၊ ကနီမြို့ပေါ် ရပ်ကွက် ၃ ခုကနေ အလိုရှိတာတွေယူဆောင်ပြီး ဖျက်ဆီးခဲ့တာတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဒီကနေ့မှာ ကနီမြို့ ၊ ရေလယ်ကျွန်းပျူစခန်း၊ ချောင်းမရွာ စတဲ့ ဝန်းကျင်တွေနဲ့ မုံရွာ-ယာကြီး-ကလေးဝကားလမ်း ၊ ချောင်းမ-ကနီလမ်း စတဲ့ နေရာတဝိုက်မှာ ရောက်ရှိနေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီလပိုင်းမှာနိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများကြီးနဲ့ အရှိန်မြှင့်ပြီးတန်ပြန်ထိုးစစ်ဆင်လာပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီက အင်အားတွေဖြည့်နေပြီး ကနီ၊ ယင်းမာပင်နယ်တွေမှာ စစ်ကြောင်းတွေ ထိုးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။