Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဥ်(၂၅)ဦးရေမပြည့်​သေးလို့စစ်သားစုဆောင်းရေးတွေမှာပဲ သင်တန်းသားတွေ ရှိနေ

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်​ဒေသ​တွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စု​ဆောင်းတာ၊ပေါ်တာဆွဲတာ​တွေလုပ်​နေပေမယ့်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အပတ်စဉ်(၂၅) စစ်မှုထမ်းအသစ် တွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်​တန်း​တွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့က​ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဥ်(၂၅) အတွက် အဓမ္မစု​ဆောင်းခံရတဲ့ လူငယ်​တွေစစ်သားစု​ဆောင်း​ရေးမှာ​​ရောက်​နေတာကို​မေလ တတိယပါတ်က​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

မေ-၁၉၊၂၀၂၆။ ရှိန်း/People’s Spring

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်​ဒေသ​တွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စု​ဆောင်းတာ၊ပေါ်တာဆွဲတာ​တွေလုပ်​နေပေမယ့်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အပတ်စဉ်(၂၅) စစ်မှုထမ်းအသစ် တွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်​တန်း​တွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့က​ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၂၄) အတွက် ​ပေါ်တာဆွဲထားသူ​တွေ ၊အဓမ္မစစ်သားသစ်စု​ဆောင်းထားသူ​တွေကို မေလအတွင်းမှာပဲစစ်တပ်က သင်တန်း​တွေကိုပို့လိုက်ပြီဖြစ်ပါတယ်။ဒါ​ပေမယ့် အပတ်စဉ်(၂၅) အတွက် ပေါ်တာဆွဲတာ၊ အဓမ္မစစ်သားသစ်စု​ဆောင်းတာ တွေဆက်တိုက်လုပ် နေတယ်လို့စစ်တပ်ထိန်းချုပ်မှု​အောက်က မြို့ကြီးတွေက ဒေသခံ တွေက​ပြောပါတယ်။

ဒီလို ပေါ်တာဆွဲမှုတွေဖြစ်နေမယ့်ရန်ကုန်၊မန္တလေး နဲ့ နေပြည်တော် မှာ သတ်မှတ်သင်တန်းသား ဦးရေ မပြည့်သေးလို့ဆိုပြီး ​မေ ၁၈ ရက်​​နေ့အထိ ပေါ်တာဆွဲခံရသူ ၊ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားသူတွေ အပါအဝင် အားလုံးကို စစ်သားစု ဆောင်းရေး​တွေမှာပဲ ရှိနေ သေးတယ်လို့စစ်​ကောင်စီဆီက စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“ဆံပင်တွေတော့ကတုံးကေဖြစ်သွားပြီ။အခုဒီအ ဆောင်မှာတော့နယ်စုံကသင်တန်းသား၅၀ကျော်ရှိတယ်။အခု‌‌ထိ သင်တန်းမသွားရသေးဘူး။လူမပြည့် သေးလို့နဲ့ တခြားပို့မယ့်သူတွေကဒီမ ရောက် သေးလို့ လို့ပြောတယ်”လို့ စစ်မှုထမ်း ပေါ်တာဆွဲခံရသူတဦးက ပြောပါတယ်။

စစ်သားစု ဆောင်းရေးနေရာမှာတော့အိပ်ယာထချိန်၊အိပ်ချန် နဲ့ ထမင်းစားချိန်ပဲသတ်မှတ်ထား​သေးပြီး တခြားဘာမှမလုပ်ရ သေးဘူးလို့စုံစမ်းသိရပါတယ်။ဒီသင်တန်းသားတွေကို ​မေလနောက်ဆုံးပတ်မှာ စစ်အ​ခြေခံသင်တန်းကိုပို့ဖို့ စစ်တပ်ကစီစဥ်​နေတာဖြစ်ပါတယ်။

စစ်တပ်က ရန်ကုန် ၊မန္တ​လေး၊မုံရွာ အပါအဝင် နိုင်ငံတစ်ဝန်းစစ်တပ်ထိန်းချုပ်ရာ ​ဒေသ​တွေမှာ အဓမ္မစစ်သားသစ်စု​ဆောင်းတာ ​၊​ပေါ်တာဆွဲတာ​တွေပိုဆိုးလာပါတယ် ။ ရန်ကုန်မှာလည်း ဧည်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီး​ခေါ်သွားတာ ၊အိမ်အထိလိုက်လာပြီး​ခေါ်တာ ၊အလုပ်ကအပြန် ဖမ်းဆီး​ခေါ်တာ​တွေဒီလပိုင်းအတွင်းပိုများလာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။ မန္တ​လေးမြို့မှာလည်း လူငယ်တဦးတည်းဆိုင်ကယ်နဲ့သွားလာချိန် ကားနဲ့လိုက်ပြီး လူ​ရောဆိုင်ကယ်​ရော ကားနဲ့ဖမ်းတင်​ခေါ်သွားတာ​တွေများ​နေပါတယ်။ မုံရွာမြို့မှာ​တော့ အဓမ္မစ်သားသစ်စု​ဆောင်းတာ အဆိုးဆုံးအ​ခြေအ​နေဖြစ်ပြီး လူငယ်ဆယ်နဲ့ချီပြီး မကြာခဏဖမ်းဆီးခံ​နေရတယ်လို့​ဒေသခံ​တွေ​ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ်(၂၂)ကို ဧပြီလ၂၉ ရက်နေ့က သင်တန်းဆင်းခဲ့ပြီး နောက် မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ တပ်သားအားလုံးကို ရှေ့တန်းတွေ ပို့ထားတယ်လို့လည်းမိသားစုဝင်တချို့ဆီက​ပြောတယ်။

စစ်တပ်ကနိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့​ဒေသ​တွေကိုစစ်​ကြောင်း​တွေအများကြီးပို့ပြီး တန်ပြန်ထိုးစစ်ဆင်​နေတာမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​တွေကို ​ရှေ့က​နေအ​သေခံတက်ခိုင်းပြီးတိုက်​နေတာ​ကြောင့် တိုက်ပွဲ​တွေမှာစစ်သားသစ်​တွေအများဆုံး​သေဆုံး ဒဏ်ရာရ​နေတယ်လို့ ​တော်လှနိ​ရေးအဖွဲ့​တွေက​ပြောပါတယ်။ဒါ​ကြောင့်ပြည်သူ​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင် သတိထားပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကတိုက်တွန်းထားပါတယ်။

“ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်း သူတို့နောက်က‌နေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။သ​န္ဓေ စကစ စစ်သားနဲ့ ‌အခု‌ကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်”လို့ရွှေဘိုခရိုင်၊အမှတ်(၉၇၀၆)တပ်ရင်း ၊တပ်ရင်းမှူးကိုလကျာ် က ပြောပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ၊ပဲခူးတိုင်း ဗျူဟာ (၂၂) ဗျူဟာမှူး ရဲ​ဘော်​စောဂျိမ်းစ်ကလည်း “အကြမ်းဖက် တပ်အတွက်က အင်အား အလွန်အကျွံထိုးတာတွေက သူ့အတွက် အင်အားတွေ လိုသလောက်စုရတယ်။ ပေါ်တာ ဆွဲ ရတယ်‌ဆိုတဲ့ မျှော်မှန်ချက်တွေ နဲ့ အသေခံ တက်ခိုင်းထိုးခိုင်းနေကြတာပါ။ ဒီထဲမှာ မလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ။ လည်တဲ့ပါးတဲ့ သူဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချအဲ့တာဆိုသူတို့အတွက် အခွင့်အလမ်းတွေ ရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်”လို့​ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။