Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတပ်မတော်ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲပြုလုပ်

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - KnIC

မေ -၁၈၊၂၀၂၆။ဇော်ဝင်း/People’s Spring

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းဆင်းပွဲကို ကရင်နီပြည်တပ်မတော်(KA)ထိန်းချုပ်ရာ နေရာတစ်နေရာမှာပြုလုပ်ခဲ့ပြီး ကရင်နီပြည်တပ်မတော်ရဲ့ တပ်ဗိုလ်တပ်မှူး၊ ရဲဘော်တွေ၊ ပြည်သူတွေနဲ့ သင်တန်းသားစုစုပေါင်း ၄၀၀ ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“သင်တန်းက တစ်နှစ်တစ်ကြိမ် ဆင်းတယ်။အခု တစ်ခေါက် သင်တန်းဆင်းရဲဘော်သစ်က အင်အား ၂၀၀ ကျော်တယ်”လို့ ကရင်နီတပ်မတော်နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သင်တန်းဆင်းပွဲမှာ ကရင်နီပြည်တပ်မတော်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် အပါအဝင် က ရင်နီကာကွယ်ရေး ဒုဝန်ကြီး ခူးဒယ်နီရယ်နဲ့ ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးအယ်မွီးတို့ တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

သင်တန်းဆင်းရဲဘော်တွေက စစ်ရေးပြချီတက်အလေးပြုတာနဲ့ သစ္စာရေသောက်တာတွေ လုပ်ခဲ့တယ်လို့လည်း ကရင်နီတပ်မတော် ပြန်ကြားရေးဌာန KnIC က ဆိုပါတယ်။

ကရင်နီတပ်မတော်(KA)ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာ နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီလမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို KNPP က ဖွဲ့စည်းခဲ့ပါတယ်။

KSCC ကနေပြီး ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCက အကောင်အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။

ပြည်နယ်ရဲ့စစ်ရေးကဏ္ဍမှာ ကရင်နီစစ်ဦးစီးကော်မတီ (JCS) က ဦးစီးနေပေမယ့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

IEC ကရရှိတဲ့ အခွန်ငွေတွေကို JCS အောက်မှာရှိတဲ့ တပ်ဖွဲ့တစ်ခုချင်းအလိုက်ကို ကာကွယ်ရေးအသုံး စရိတ်အနေနဲ့ ခွဲတမ်းပေးနေရတယ်လို့ သိရပါတယ်။

စစ်ဦးစီးကော်မတီ(JCS)ထဲမှာ ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုး သားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDP နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

ရှမ်းတောင် နဲ့ ကရင်နီပြည်နယ်ထဲက ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာ ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်တပ်မတော် ၊KNDF ၊KPDF များကို စေတနာအပြည့်နှင့် ကူညီပံ့ပိုးထောက်ပံ့နေကြသော ပြည်တွင်း၊ပြည်ပရှိ တော်လှန်ရေးဘက်တော်သားများ ရဟန်းရှင်လူမိဘပြည်သူနှင့် လူမှုအဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

သတင်း

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

သတင်း

အထူးသဖြင့် ဖရူဆိုမြို့နယ်၊ထီးပေါ်ဆိုကျေးရွာ အုပ်စုအတွင်း၌ သက်ဆိုင်ရာကျေးရွာအလိုက် မြေမြုပ်မိုင်းများကို အထူးသတိပြုရန် ဖော်ပြသည်။