Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ဆီဆိုင်အချို့ ခွဲတမ်းအတိုင်းရောင်းမပေးလို့ စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မုံရွာမြို့ပေါ်တွင် ဆီဝယ်ယူနေသော မော်တော်ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)

မေ-၂၀၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကစပြီး အာဏာသိမ်းစစ်တပ်က စစ်ကိုင်းနဲ့ မုံရွာမြို့က စက်သုံးဆီဆိုင် ၂၇ ဆိုင်မှာ QR နဲ့ ဘားကုတ်စနစ်နဲ့ စက်သုံးဆီရောင်းချတဲ့ပုံစံကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် စက်သုံးဆီဆိုင်အချို့ဟာ ဆီခွဲတမ်းကုန်ပြီဆိုတဲ့အကြောင်းပြချက်နဲ့ ဆိုင်ပိတ်ထားတာတွေများနေလို့ စက်သုံးဆီဝယ်ယူသူတွေနဲ့ ပြဿနာတွေဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

“မနက်ပိုင်းလာတယ်။ ဆီက ၃ နာရီမှ ရောင်းမယ်ပြောတယ်။ ၃ နာရီလာတော့ ခွဲတမ်းကုန်လို့ မရောင်းတော့ဘူးတဲ့။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ပေါက်စျေးထက် နှစ်ဆနီးပါးပေးရင်တော့ ကြိုက်တဲ့အချိန်မှာ ဝယ်ယူလို့ရနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လက်ရှိ စစ်တပ်ရောင်းချပေးတဲ့ပုံစံအရ တရားဝင်လိုင်စင်ရှိတဲ့ယာဥ်တွေသာ ရောင်းချပေးတာဖြစ်လို့ လိုင်စင်မဲ့ယာဥ်သုံးစွဲနေရသူတွေနဲ့ တော်လှန်ရေးဒေသက ပြည်သူတွေအတွက် စပ်သုံးဆီဝယ်ယူဖို့ ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ စက်သုံးဆီကန့်သတ်မှုတွေကို ပြီးခဲ့တဲ့ မတ်လက နိုင်ငံတဝန်းမှာ စတင်ခဲ့တာဖြစ်ပြီး စုံ/မ ရက်ခွဲမောင်းတာ၊ စုံ/မအလိုက်သာ ဆီထုတ်ခွင့်ပြုတာတွေကို ယနေ့အချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ မော်တော်ယာဥ်တွေကိုလည်း အင်ဂျင်ပါဝါနဲ့ မိုင်နှူန်းကြည့် ဆီရောင်းတဲ့စနစ်နဲ့သာ ဝယ်ယူခွင့် ပြုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက ကျောင်း)ကို အာဏာသိမ်းစစ်တပ်က ပိတ်သိမ်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။