Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်အတွင်း ဖိနှိပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးမှုအပေါ် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။