Connect with us

Hi, what are you looking for?

သတင်း

ပုဂံ၊ညောင်ဦးမြို့ကပျူခေါင်းဆောင်နောင်နောင်အပါအဝင်ပျူ၆ဦးကို တော်လှန်‌ရေးတပ်ဖွဲ့ ဖမ်းဆီး

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

(စစ်တပ်အာဏာ သိမ်းပြီး​နောက်ပိုင်းပုဂံမြို့မှာ လုံပြည်သူ​တွေကိုစစ်ဆေးနေတဲ့ စစ်ကောင်စီလက်​အောက်ခံလက်နက်ကိုင်​တွေ။ ဓာတ်ပုံ - Getty Images)

မေ-၁၆၊၂၀၂၆။ကိုရှမ်းလေး/People’s Spring

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ညောင်ဦးမြို့မှာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်(ပျူ​​စောထီး)ခေါင်းဆောင် ၂ဦးရှိပြီး အခု တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူဟာ ညောင်ဦးမြို့အနောက်ခြမ်းတာဝန်ယူရတဲ့ နောင်နောင် ဆိုသူဖြစ်ပါတယ်။ ညောင်ဦးမြို့အရှေ့ခြမ်းတာဝန်ယူရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟာ အောင်ကျော်မြင့်ဆိုသူ ဖြစ်ပါတယ်။

” နောင်နောင်နဲ့ အောင်ကျော်မြင့် ဆိုပြီ ၂ယောက်ရှိတာ။ခုက တစ်ယောက်ပါသွားပြီဆိုတော့ တစ်ယောက် ကျန်သေးတာပေါ့”လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့ နောင်နောင်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ လေးရက်လောက်က ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဟာ ညောင်ဦးမြို့ကဒေသခံပြည်သူတွေအပေါ် ရမ်းကားဆိုးသွမ်းတဲ့သူတွေလို့လည်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က အလင်းဝင်မယ်လို့ နောင်နောင်ထံလိမ်ညာပြောဆို ခေါ်ဆောင်ပြီး ဖမ်းဆီးလိုက်တာလို့ စုံစမ်းသိရပါတယ်။

​ညောင်ဦးမြို့နယ်ကပျူ​ခေါင်း​ဆောင် ​နောင်​နောင်အပါအဝင် အဖွဲ့ဝင် ၆ ဦးအဖမ်းခံရတာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်​တွေမှာလည်း​ဖော်ပြ​နေကြပါတယ် ။​နောင်​နောင်ဟာ ​ညောင်ဦးမြို့မှာ ကျူရှင်တရာလုပ်ခဲ့သလို ​ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်း​ရေးမှူး​ဟောင်းလည်းဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေက​ရေးသား​နေကြပါတယ် ။

ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့မှာလာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည်တွေ ပြန်ပေးဆွဲ ပျောက်ဆုံးနေမှုလည်း မကြာခဏဖြစ်နေပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခို​နေတဲ့ ဇနီးမောင်နှံဟာ ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားတစ်စီးကို ပျူစောထီးတွေက ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ပြန်ပေးဆွဲပြီးနောက် ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်က ကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံမြို့အနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံ​တွေက ပြောပါတယ်။

လက်တလောမှာတော့ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အထိနာနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးကို အာဏာသိမ်းစစ်တ​ပ်က ဝင်ရောက်စီးနင်းဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။