Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမှ ဟားခါးမြို့လာတဲ့ စစ်တပ်စစ်ကြောင်း မြို့အဝင်မှာ တိုက်ခိုက်ခံရ

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

(ဟားခါးမြို့တနေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - CJ)

မေ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မေလ ၁၅ရက်မှာ ဟားခါးမြို့အဝင် ချွန်ကျုံးရွာနဲ့မြို့အကြားမှာ ချင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ကို ဧပြီလကုန်ပိုင်းမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မေလဆန်းမှာ ဖလမ်းကနေ မိုင် ၄၀ခန့် ကွာဝေးတဲ့ ဟားခါးမြို့ကို ဆက်လက်ထိုးစစ်ဆင် လာတာဖြစ်ပါတယ်။

ဖလမ်း-ဟားခါး လမ်းပိုင်းဟာ ပုံမှန် မော်တော်ယာဉ်နဲ့ သွားရင် တစ်နာရီခွဲ ဝန်းကျင်သာ ကြာမြင့်ပေမယ့် စစ်တပ်ဟာ လဝက်ခန့် (သုံးပတ်နီးပါး)ကြာမြင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” မနေ့က ဆိုရင်တော့ ချွန်ကျုံးနဲ့ ဟာခါးအကြားမှာ ကျနော်တို့ ဘက်က လက်ဖြောင့်တပ်တွေက ၁၁ယောက်ကို စီရင်နိုင်ခဲ့တယ်။အဲဒီမှာ တပ်ရင်းမှူးလို့ ထင်ရတဲ့ အရာရှိတယောက်တော့ ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက ဆိုင်ကယ်ပေါ်ကနေ ပြီး အမိန့်ပေးနေတာမျိုးဆိုတော့ ဒါက အရာရှိ အဆင့်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်တော့ မရှိဘူးပေါ့။ အဲဒါ ဟားခါး မနေ့က အနေအထားထိပေါ့။ ဒီနေ့အခြေအနေကတော့ မသိရသေးဘူး” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဖလမ်းကနေ ဟားခါးမြို့ကိုလာတဲ့ လမ်းတလျှောက်မှာ ချင်းပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုခံရတဲ့ စစ်တပ်ဟာ အလောင်းတွေ မသယ်ဘဲ ချန်ထားရစ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။

” အရင်တိုက်ပွဲတွေတုန်းက လိုင်ကွာနားမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ သူတို့ သယ်မသွားနိုင်တဲ့ ရန်သူ့အလောင်း ၆လောင်းတော့ ကျနော်တို့ တွေ့တာပေါ့။ ဟားခါး-နဲ့ ဖလမ်းကြား အရင် ကျနော်တို့ စိုးမိုးထားတဲ့နေရာတွေကို ခု ပြန်ပြီးတော့ စိုးမိုးနိုင်ခဲ့တယ်လို့ ပြောရမှာပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းလာကြိုတဲ့ ဟားခါးမြို့ခံတပ်ကိုလည်း ဟားခါးမြို့တွင်းမှာ ချင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ဟားခါးမြို့တွင်း တိုက်ပွဲမှာ စစ်တပ်က အရာရှိ ၃ဦး အပါအဝင် ၈ဦး ဒဏ်ရာရကာ ၄ဦးသေဆုံးခဲ့ကြောင်း ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ကို ထိန်းချုပ်နောက် တီးတိန်မြို့နယ်ဘက်ကို စစ်အင်အားဖြည့်တာ တွန်းဇံမြို့ ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တာ လည်းပြုလုပ်ခဲ့လို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

Facebook