News ချစ်သုဝေရဲ့ မိတ်ဆက်လိုက်တဲ့ Macrame ပေ့ခ်ျ ချစ်သုဝေက တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ Macrame တွေ ကိုယ်တိုင်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေပေးတာ ၆ ကြိမ်ရှိပါပြီ။ မေလ ၁၂ ရက်ကတော့ ၆ ကြိမ်မြောက် Macrame Project ရဲ့ ကံထူးရှင်ကိုရွေးချယ်ပေးခဲ့ပါတယ်။ LuduNwayOoမေ 13, 2022
News ဘီလင်းမှာ ကလေးအပါအဝင် ရွာသား ၉၀ ကျော်ကို စစ်ကောင်စီဖမ်းထား ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေဟာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းက (၇၀)ဦးနဲ့ ဘီးလင်းမြို့နယ်အတွင်းက (၂၂) ဦး စုစုပေါင်း (၉၂) ဦးဖြစ်ပြီး အဲ့ဒီအထဲမှာ ကလေးငယ်လေးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoမေ 13, 2022
News ချင်းပြည်နယ်တွင် နှစ်ပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၆၀ ကျော်သေဆုံးနိုင်ဟု CNF ထုတ်ပြန် ဟားခါး - ဖလမ်း ကားလမ်းတွင် တင့်ကား ၂စီးအပါအဝင် စစ်အင်အား ၁၅၀ခန့်ပါ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မေလ ပထမပတ်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း CNFက ထုတ်ပြန်သည်။ LuduNwayOoမေ 13, 2022
News ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အာဆီယံခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်ကတိပြု အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။ LuduNwayOoမေ 13, 2022
News ထီရိတိုက်ပွဲတွင် လက်နက်ချသောစစ်သုံ့ပန်း ၅ ဦးကို ဆေးကုပေး၍ကောင်းမွန်စွာထား လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိစစ်သုံ့ပန်းများကို NUG ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၊အလယ်ပိုင်းတိုင်း၊ရှမ်းကယားစစ်ရေးကော်မရှင်ထံအပ်နှံခဲ့ပြီးကောင်းမွန်စွာထားရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်လာခြင်းဖြစ်သည်။ LuduNwayOoမေ 13, 2022
News စစ်ကောင်စီကို ဖိအားပေးရေး အာဆီယံ၊ အခြားမိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာဆက်လက် လုပ်ဆောင်သွားမည်ဟု ကန်နိုင်ငံခြားရေး ဒုဝန်ကြီး အလေးထားပြော အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။ LuduNwayOoမေ 13, 2022
News မြိုင်မြို့နယ်သို့လာသောစစ်ကောင်စီယာဥ်တန်း မိုင်းအလုံး ၁၀၀ ဖြင့်တိုက်ခိုက် ၃၀ ခန့်သေဟုမြိုင်PDF ပြော လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း(တောင် ၊မြောက် ၊အနောက်)ဖြင့်ထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။ LuduNwayOoမေ 13, 2022
နိုင်ငံတကာ အမေရိကန်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ludunwayooမေ 13, 2022
News မိုးတွေရွာနေလို့ စစ်ဘေးရှောင်တွေ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရ လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။ LuduNwayOoမေ 12, 2022
News ပဲခူးရိုးမတောင်ခြေတွင် PDFနှင့်တိုက်ပွဲဖြစ်သည့် စစ်ကောင်စီတပ် လေးဦးသေ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။ LuduNwayOoမေ 12, 2022