News ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် စစ်ရေးပြအခမ်းအနား ပြုလုပ် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ LuduNwayOoမေ 12, 2022
News စစ်ကိုင်းတကသအတွင်းရေးမှူးကိုဝေယံဖြိုး ကျဆုံးမှုအပေါ် တကသများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမေ 12, 2022
News မတူပီမှပြန်လာသည့် စစ်ယာဉ်တန်း CDF တိုက်ခိုက်မှုကြောင့် မိုင် ၁၀၀ခန့်သာဝေးသည့်ခရီး ၁၆ရက်ကျော်ကြာအထိမရောက်သေး မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။ LuduNwayOoမေ 12, 2022
News ကျေးရွာများကိုမီးရှို့နေသော စစ်ကောင်စီတပ်ကို PDFများမိုင်းဆွဲတိုက်ခိုက် ၂၀ ထက်မနည်းသေနိုင်ဟု နတ်တောင်နဂါး(ပကဖ)တပ်ဖွဲ့ပြော မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ပြောသည်။ LuduNwayOoမေ 12, 2022
News မန္တလေးပညာရေးကောလိပ်က ကျောင်းသား ကျောင်းသူ ၆ ဦးဖမ်းခံခဲ့ရပြီး ၁ ဦးအဆက်အသွယ်မရသေး မန္တလေးပညာရေးကောလိပ် ရဲ့ ကျောင်းသား၊ကျောင်းသူ ၆ ဦး ဖမ်းဆီးခံထားရပြီးအချို့ကို အကြမ်းဖက်ပုဒ်မနဲ့တရားစွဲကာ ဖမ်းခံထားရသူ၁ ဦး အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ LuduNwayOoမေ 12, 2022
News ဒီးမော့ဆိုတွင် စစ်ရှောင်များလိုက်ပါလာသည့် ကားချောက်ထဲကျ၍ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ သေဆုံးသူများထဲတွင် ဒီးမော့ဆိုအနီးတစ်ဝိုက်စစ်ရှောင်နေသူများ ဖြစ်ပြီး ချောက်အတွင်းမှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောထားသည်။ LuduNwayOoမေ 12, 2022
News ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်သား ၂ဦးသေ၊ ၂ဦးဒဏ်ရာရ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 12, 2022
News ထီရိရွာမှ စစ်ကော်စီတပ်ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ဦးဖမ်းမိ ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။ LuduNwayOoမေ 12, 2022
News ဘာသာရေးအဆောက်အအုံတွေနဲ့ဘာသာရေးပွဲတော်တွေကို ထိခိုက်အောင် မလုပ်ဘူးလို့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေ လူထုသိအောင်ထုတ်ပြန် တော်လှန်ရေးရဲဘော်တွေဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာအလေးထားဖော်ပြထားတာတွေ့ရပါတယ်။ LuduNwayOoမေ 12, 2022
News စစ်ကောင်စီတပ် ၂၅ဦးသေပြီး ဖရူဆိုမြို့နယ်တိုက်ပွဲမှရရှိသော လက်နက်ခဲယမ်းအချို့ကို KNDF B-16ထုတ်ပြန် မေ ၇ ရက်နံနက်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစစ်ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိခဲ့ကြောင်းလည်းထုတ်ပြန်ရာ စက်လက်တစ်လက် ၊RPG ၁လက် ၊ ပစ္စတိုတစ်လက်အပါအဝင် သေနတ် ၁၁ လက်၊ ဗုံးသီးများ၊ခဲယမ်းမျိုးစုံနှင့်စစ်ဘက်အသုံးအဆောင်များသိမ်းဆည်းနိုင်ခဲ့သည်ကို တွေ့ရသည်။ LuduNwayOoမေ 12, 2022