Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်

ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဖိနပ်နဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားမှာ ၃၆ နှစ်ကြာ အုပ်စိုးနေခဲ့ပြီး အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခံရတဲ့ ဟွန်ဆန်းဟာ အမေရိကန်-အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေခဲ့တာပါ။ မေ ၁၁ ရက်မှာတော့ ဟွန်ဆန်ဟာ သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတုန်း ဖိနပ်နဲ့ လှမ်းပေါက်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား စစ်မှုထမ်းဟောင်း တစ်ဦးက ဟွန်ဆန်ကို ဖိနပ်နဲ့ လှမ်းပစ်ခဲ့တာ ဖြစ်ပေမယ့် မထိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘောဒီးယားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။

ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်ရဲ့ ကိုယ်ရံတော်တွေက သူ့ကို ရန်ပြု ရိုက်နှက်ဖို့ ကြိုးစားပေမယ့် အမေရိကန် လုံခြုံရေး အရာရှိတွေက ကြားဝင် တားဆီးခဲ့ပြီး သူ့ကို အဲဒီနေရာကနေ ထွက်ခွာစေခဲ့တယ်လို့လည်း အသက် ၇၂ နှစ်အရွယ် အုခ်တော့ချ်က ဆိုပါတယ်။ သူက ဟွန်ဆန်ကို ဆိုးယုတ်တဲ့ အာဏာရှင် တစ်ဦးလို့ စွပ်စွဲခဲ့ပြီး ဟွန်ဆန် လက်ချက်ကြောင့် သူ့ရဲ့ ဆွေမျိုးသားချင်းတွေ အပါအဝင် ကမ္ဘောဒီးယား ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရတယ်လို့လည်း အုခ်တော့ချ်က ပြောပါတယ်။ သူဟာ ကမ္ဘောဒီးယား စစ်တပ်မှာ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေတုန်းက အမှုထမ်းခဲ့ဖူးပါတယ်။

ကမ္ဘောဒီးယားမှာတော့ ဖိနပ်နဲ့ ပေါက်တယ် ဆိုတာဟာ အကြီးအကျယ် စော်ကားမှုတစ်ခု ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ဟွန်ဆန်းပုံ ပိုစတာကို ဖိနပ်နဲ့ ပေါက်တဲ့ လုပ်ရပ်ကို လူမှုကွန်ရက်ပေါ် ဝေမျှမိခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးသမား ဆမ် ဆော့ခါဟာ ထောင်ဒဏ် ၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။

ဟွန်ဆန်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုအရ တခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ကို ရောက်ရှိနေတာပါ။ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ အသိအမှတ်ပြု ဖိတ်ကြားခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူလက သက်ဆင်ဟာ ထိုင်းကို ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကျန်းမာရေး စစ်ဆေးစရာတွေ ကျန်သေးတယ်လို့ အကြောင်းပြပြီး အဲဒီကိစ္စကို သက်ဆင်က အနည်းဆုံး သီတင်းနှစ်ပတ်လောက် ရွှေ့ဆိုင်းထားမယ်လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟွန်ဆန်းဟာ ပြီးခဲ့တဲ့တစ်ကြိမ် ရွေးကောက်ပွဲကတော့ အတိုက်အခံ အင်အားစုတွေကို ပိုပြီး ထင်သာမြင်သာ ဖိနှိပ်ဖြိုခွဲတာ၊ ထောင်ချတာတွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ပါတီကိုလည်း မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရစေခဲ့ပါတယ်။

နိုင်ငံတကာ

ဟွန်ဆန်းဟာ Facebookကို တက်တက်ကြွကြွ သုံးလေ့ရှိသူ တစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ရက် မီဒီယာကြီးက သူ့ရဲ့ ဗီဒီယို တစ်ခုကို ဖယ်ရှားလိုက်တဲ့နောက် ဟွန်ဆန်းက Facebookသုံးတာကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။