Connect with us

Hi, what are you looking for?

News

ပဲခူးရိုးမတောင်ခြေတွင် PDFနှင့်တိုက်ပွဲဖြစ်သည့် စစ်ကောင်စီတပ် လေးဦးသေ

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အခမ်းအနားကို မေလ၆ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Bago Region PDF)

မေလ ၁၂ရက် နေ့လယ် ၂နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေရှိ ဂွေ့ကြီးကျေးရွာနှင့် ဘိုကြီးကျေးရွာစခန်းအကြားတွင် အကြမ်းဖက်စစ်ကောင်စီအင်အား ၁၂ဦးခန့်ပါသည့် စစ်ကြောင်းနှင့် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်(၃၈၀၁)တပ်ခွဲ -၂ ၊ တပ်ခွဲ- ၃ ပူးပေါင်းအဖွဲ့ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်း မပြုဘဲ အထူးသတိထားရန် Bago Region PDF က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook