Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်တွင် နှစ်ပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၆၀ ကျော်သေဆုံးနိုင်ဟု CNF ထုတ်ပြန်

ဟားခါး – ဖလမ်း ကားလမ်းတွင် တင့်ကား ၂စီးအပါအဝင် စစ်အင်အား ၁၅၀ခန့်ပါ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မေလ ပထမပတ်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း CNFက ထုတ်ပြန်သည်။

(ချင်းအမျိုးသားတပ်ဦး-CNF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CNF)

●ဖလမ်း-ဟားခါးလမ်းတွင်စ်ကောင်စီတပ်ယာဥ်တန်းသည် နိုင်ငံရေးအကျဉ်းသား ၁၅ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခဲ့

ချင်းလက်နက်ကိုင်တပ်များ၏ တိုက်ခိုက်မှုကြောင့် ယခုမေလ နှစ်ပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး – ဖလမ်း မြို့အကြား ကားလမ်း၌ စစ်ကောင်စီယာဉ်တန်းကို CNA ၊ ချင်းကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(CNDF) ပူးပေါင်းတပ်က မေလ ၃ရက်မှ ၆ရက် အတွင်း တိုခိုက်ခဲ့မှု နှင့် ချင်းတောင်ပိုင်း မတူပီ -မင်းတပ်လမ်းတွင် စစ်ယာဉ်တန်းကို မင်းတပ် CDF က တိုက်ခိုက်ခဲ့မှု အခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဟားခါး – ဖလမ်း ကားလမ်းတွင် တင့်ကား ၂စီးအပါအဝင် စစ်အင်အား ၁၅၀ခန့်ပါ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မေလ ပထမပတ်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း CNFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နိုင်ငံရေးအကျဉ်းသား ၁၅ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် အဆိုပါ လမ်းပိုင်းရှိ ရမ်ထလိုရွာနှင့် တလန်ဇာရ် ရွာတို့မှ နေအိမ်နှင့် ဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အဦး ၂၆လုံးကို မီးရှို့သွားကြောင်း ဖော်ပြထားသည်။

မေလ ၉ရက်တွင် ဖလမ်းမှ ကလေးသို့ ဆက်လက်ချီတက်သွားသည့် စစ်ယာဉ်တန်းကို CNDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ၄ဦးထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၃ရက်မှ ၆ရက်အတွင်း ဖြစ်ပွားသည့် ဟားခါး – ဖလမ်း ကြား တိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ ၈ဦး ကျဆုံးခဲ့သည်ဟု အသိပေထားသည်။

ချင်းတောင်ပိုင်း မတူပီ – မင်းတပ် လမ်းတွင်လည်း မေလ ၇ရက်နှင့် ၈ရက်နေ့များ၌ စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDFက တိုက်ခိုက်ရာ မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၁၃၊ ၁၇ နှင့် ၁၈ အကြားတွင် တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စစ်ကားအချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီမှ မင်းတပ်သို့လာသည့် စစ်ယာဉ်တန်းသည် CDF များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် မိုင် ၁၀၀ ခန့်သာဝေးသော ခရီးကို နှစ်ပတ်ကျော်ကြာသည်အထိ မရောက်နိုင်ဘဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။