Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ဖိအားပေးရေး အာဆီယံ၊ အခြားမိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာဆက်လက် လုပ်ဆောင်သွားမည်ဟု ကန်နိုင်ငံခြားရေး ဒုဝန်ကြီး အလေးထားပြော

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။

▪️မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးနှင့်လူချင်းတွေ့ဆုံစဉ် ထပ်လောင်းကတိပြု

မြန်မာ့အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဖိအားပေးရာတွင် အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံစဉ် အလေးပေးပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေ ၁၂ ရက်တွင် ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံရာ အာဏာ သိမ်းစစ်ကောင်စီ၏ လူမဆန်သောဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဝန်ကြီးနှစ်ဦးသည် လူသားချင်းစာနာမှုအကျပ်အတည်းကို ဦးတည်စေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ပိုမိုကျယ်ပြန့်လာသော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံရှိ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ကူညီနိုင်ရန် နှောင့်နှေးကြန့် ကြာမှုမရှိစေရေး တောင်းဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးသည် မြန်မာပြည်သူများအတွက် ဝန်ကြီးဒေါ်ဇင်မာအောင်၏ ရဲစွမ်းသတ္တိနှင့် မဆုတ်မနစ်လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ သာယာ၀ပြောသော ဒီမိုကရေစီအတွက် အမေရိကန်၏အားပေးထောက်ခံမှုကို ကမ်းလှမ်းကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။