Connect with us

Hi, what are you looking for?

News

ဘီလင်းမှာ ကလေးအပါအဝင် ရွာသား ၉၀ ကျော်ကို စစ်ကောင်စီဖမ်းထား

ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေဟာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းက (၇၀)ဦးနဲ့ ဘီးလင်းမြို့နယ်အတွင်းက (၂၂) ဦး စုစုပေါင်း (၉၂) ဦးဖြစ်ပြီး အဲ့ဒီအထဲမှာ ကလေးငယ်လေးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဘီးလင်းမြို့နယ်က လေးကေစခန်းထဲမှာ ကလေးတွေအပါအဝင် အရပ်သားပြည်သူအယောက် ၉၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

အဲဒီစခန်းဟာ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းစခန်းဖြစ်ပြီး ကေအဲန်ယူက BGF ကို စခန်းကနေ ဆုတ်ခွာခိုင်းခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေဟာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းက (၇၀)ဦးနဲ့ ဘီးလင်းမြို့နယ်အတွင်းက (၂၂) ဦး စုစုပေါင်း (၉၂) ဦးဖြစ်ပြီး အဲ့ဒီအထဲမှာ ကလေးငယ်လေးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကိုပေါ်တာဖမ်းတယ်။ ကျောက်ဖျာရွာက အသက်မပြည့်သေးတဲ့ လူငယ်လေး (၄) ယောက် လည်းပါတယ်။ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး။ လေးကေBGFစခန်းထဲမှာ ဖမ်းထားတယ်” လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ BGF တပ်တွေက အခုလို အရပ်သားပြည်သူလူထုကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ သူတို့ရဲ့ လုံခြုံရေးအတွက် ပြည်သူလူထုကို အကာအကွယ်ယူတာဖြစ်ပြီး စစ်ရေးအရ အသုံးချနေတာဖြစ်တယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ကေအဲန်ယူ-သထုံခရိုင် တပ်မဟာ ၁ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ BGF စခန်းတွေဖြစ်ကြတဲ့ လေးကေနဲ့ဝင်းတာပန်စခန်းကို ပြန်လည်ဆုတ်ခွာဖို့ ကေအဲန်ယူက ပြီးခဲ့တဲ့ဧပြီ ၂၀ ရက်နေ့က အသိပေးထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီလိုအသိပေးပြီးနောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ညနေပိုင်းက လေးကေကျေးရွာအနီးမှာ နယ်မြေခံ KNDO ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တွေအကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ BGF ဘက်က လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သလို KNDO ဘက်က တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

လေးကေစခန်းက စစ်ကောင်စီ BGF တပ်ဖွဲ့တွေဟာ လေးကေကျေးရွာအတွင်းက လူနေအိမ်​ စျေးဆိုင်တွေကနေ စားသောက်ကုန်တွေနဲ့အခြားပစ္စည်းတွေကို ခိုးယူမှုတွေရှိနေပြီး ဝင်းတာပန်စခန်းက စစ်ကောင်စီ BGF တပ်ဖွဲ့တွေဟာလည်း ဝင်းတာပန်ကျေးရွာအတွင်းကို ဝင်ရောက်ကာ ဆန်အိတ် ၂၀ ခန့်ကို ခိုးယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီ BGF တပ်နဲ့ ကေအဲန်ယူတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ရင်ဆိုင်နေရကာ အမိုးအကာ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။