Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အာဆီယံခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်ကတိပြု

အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။

ကိုးကား − ရိုက်တာ

တရုတ်ရဲ့သြဇာကြီးထွားမှုကိုတန်ပြန်နိုင်ဖို့အတွက် အာဆီယံဒေသတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ သုံးစွဲသွားမယ်လို့ အာဆီယံ ခေါင်းဆောင်တွေကို သမ္မတ ဘိုင်ဒန်က အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာအသိပေးလိုက်ပါတယ်။

အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။

စွမ်းအင်ကဏ္ဍ မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ကျရေးအတွက် ဒေါ်လာသန်း ၄၀ ၊ရေကြောင်း လုံခြုံရေးအတွက် ဒေါ်လာ ၆၀ သန်း နဲ့ ကိုဗစ် အတွက် ဒေါ်လာ ၁၅ သန်း အသီးသီး သုံးစွဲမယ်လို့သိထားရပါတယ်။

အာဆီယံ နိုင်ငံတွေရဲ့ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ နဲ့ AI ဆိုင်ရာဥပဒေကဏ္ဍအတွက် လည်း အမေရိကန်က ထောက်ပံ့ဖို့စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်မှာ မနေ့က အာဆီယံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်က အာဆီယံ ကိုအကူအညီပေးမယ့် အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ထိပ်သီးတွေ့ဆုံပွဲမှာ အာဆီယံ ဒေသ လုံခြုံရေး ၊ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ သမ္မတဘိုင်ဒန်က သူရဲ့ေ့ဖ့ဘွတ်ခ်က နေအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။