Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။
ဦးသိန်းသန်းစိုးအား ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တရားမဲ့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာခြင်းဟုခေါင်းစဥ်တပ်ကာယနေ့ (မတ် ၂၂ ရက်)ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။
ဦးခင်ရွှေသည် သူရဦးရွှေမန်းနှင့် ခမီးခမက်တော်သည်။ထိုအပြင် ၂၀၁၅ ဝန်းကျင်နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးခဲ့သော ဆက်ဆံရေးရှိခဲ့သည်။ သို့သော် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်အာဏာသိမ်းမှု ၊စစ်တပ်နှင့်ပတ်သပ်၍ ဦးခင်ရွှေရော ၎င်း၏သား ကိုဇေသီဟပါ ဆန့်ကျင်မပြောခဲ့ကြပေ။