Connect with us

Hi, what are you looking for?

News

စစ်​ရှောင်များကို အကာအကွယ်ယူ တိုက်ခိုက်ခံရမှု​ကြောင့် ရဲ​ဘော်​ခြောက်ဦး ကျဆုံးခဲ့ရဟု ဂန့်​ဂေါ PDF အသိ​ပေး

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့စစ်ကြောင်းတစ်လျှောက် စစ်ရှောင်တဲများအပါအဝင် ရွာမရွာမှ(Backhoe တစ်စီး၊ လယ်ထွန်စက် နှစ်စီး၊ FORLAND ကားတစ်စီး)နှင့် တော်ဝင်ရွာမှ လယ်ထွန်စက်တစ်စီးနှင့် FORLAND ကားနှစ်စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်ရှောင်ပြည်သူများကို အကာအကွယ်ယူကာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဂန့်​ဂေါ PDFက ယနေ့ (မတ်လ ၂၂ ရက်) ထုတ်ပြန်သည်။

ထိုဖြစ်စဥ်မှာ မတ်လ ၂၀ရက်က ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီတပ်နှင့် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာမှပျူစောထီးပူးပေါင်းအဖွဲ့သည် မြစ်သာမြစ်တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များရှိရာနေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ထိုးစစ်ဆင်လာမှုကို ဒေသတွင်းပူးပေါင်းတော်လှန်ရေးအဖွဲ့များက ခုခံခဲ့သည်။

Public Service Announcement

သို့သော် ထိတွေ့မှုအတွင်း တိုက်ပွဲအကြားရောက်ရှိနေသော စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်ရာတွင် စစ်ရှောင်ပြည်သူများကို အကာအကွယ်ယူကာ အကြမ်းဖက်စစ်အုပ်စုက ခြုံခိုစောင့်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များဘက်မှ ​ခြောက်ဦးကျဆုံးခဲ့ကာ ​ခြောက်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ဂန့်​ဂေါ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့စစ်ကြောင်းတစ်လျှောက် စစ်ရှောင်တဲများအပါအဝင် ရွာမရွာမှ(Backhoe တစ်စီး၊ လယ်ထွန်စက် နှစ်စီး၊ FORLAND ကားတစ်စီး)နှင့် တော်ဝင်ရွာမှ လယ်ထွန်စက်တစ်စီးနှင့် FORLAND ကားနှစ်စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများသည် အင်အားဆက်လက်ဖြည့်တင်းလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အချိန်မရွေးထိတွေ့မှုများ ဖြစ်ပွားနိုင်သော ကြောင့် ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် ခရီးအသွား အလာ ဆင်ခြင်ကြရန် PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။