Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ရှောင်များကို အကာအကွယ်ယူ တိုက်ခိုက်ခံရမှု​ကြောင့် ရဲ​ဘော်​ခြောက်ဦး ကျဆုံးခဲ့ရဟု ဂန့်​ဂေါ PDF အသိ​ပေး

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့စစ်ကြောင်းတစ်လျှောက် စစ်ရှောင်တဲများအပါအဝင် ရွာမရွာမှ(Backhoe တစ်စီး၊ လယ်ထွန်စက် နှစ်စီး၊ FORLAND ကားတစ်စီး)နှင့် တော်ဝင်ရွာမှ လယ်ထွန်စက်တစ်စီးနှင့် FORLAND ကားနှစ်စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်ရှောင်ပြည်သူများကို အကာအကွယ်ယူကာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဂန့်​ဂေါ PDFက ယနေ့ (မတ်လ ၂၂ ရက်) ထုတ်ပြန်သည်။

ထိုဖြစ်စဥ်မှာ မတ်လ ၂၀ရက်က ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီတပ်နှင့် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာမှပျူစောထီးပူးပေါင်းအဖွဲ့သည် မြစ်သာမြစ်တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များရှိရာနေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ထိုးစစ်ဆင်လာမှုကို ဒေသတွင်းပူးပေါင်းတော်လှန်ရေးအဖွဲ့များက ခုခံခဲ့သည်။

Public Service Announcement

သို့သော် ထိတွေ့မှုအတွင်း တိုက်ပွဲအကြားရောက်ရှိနေသော စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်ရာတွင် စစ်ရှောင်ပြည်သူများကို အကာအကွယ်ယူကာ အကြမ်းဖက်စစ်အုပ်စုက ခြုံခိုစောင့်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များဘက်မှ ​ခြောက်ဦးကျဆုံးခဲ့ကာ ​ခြောက်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ဂန့်​ဂေါ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့စစ်ကြောင်းတစ်လျှောက် စစ်ရှောင်တဲများအပါအဝင် ရွာမရွာမှ(Backhoe တစ်စီး၊ လယ်ထွန်စက် နှစ်စီး၊ FORLAND ကားတစ်စီး)နှင့် တော်ဝင်ရွာမှ လယ်ထွန်စက်တစ်စီးနှင့် FORLAND ကားနှစ်စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားများကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများသည် အင်အားဆက်လက်ဖြည့်တင်းလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အချိန်မရွေးထိတွေ့မှုများ ဖြစ်ပွားနိုင်သော ကြောင့် ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် ခရီးအသွား အလာ ဆင်ခြင်ကြရန် PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။