Connect with us

Hi, what are you looking for?

LuduNwayOo

News

ပလိပ်မြို့တွင် လျှပ်စစ်ရုံး ​ဖောက်ခွဲတိုက်ခိုက်မှုလာ​ရောက်စစ်​​ဆေး​​သော စစ်​ကောင်စီတပ်သားများကို ထပ်မံတိုက်ခိုက်ရန်စီစဥ်ထား​သော်လည်း မီတာလာ​ဆောင်သူများ​ကြောင့် ​ရှောင်လွှဲခဲ့ရ

ပြည်သူများ၏ အန္တရာယ်ကို ငဲ့ကွက်၍ ထောင် ထားသည့် မိုင်းကို ရှောင်လွှဲ၍ ဖောက်ခွဲ ခဲ့ရကြောင်း LPDF (SINTGAING)က အသိပေးသည်။

မန္တလေးတိုင်း ပလိပ်မြို့လျှပ်စစ်မီတာရုံးအတွင်း လက်ပစ်ဗုံးခွဲတိုက်ခိုက်မှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲရန်စီစဥ်ခဲ့သော်လည်း မီတာလာဆောင်သူများကြောင့် ဖောက်ခွဲမှုရှောင်လွှဲခဲ့ရကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇ နာရီ ၄၀မိနစ်တွင် ပလိပ်မြို့လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံးဖြင့် ကနဦး တိုက်ခိုက်ခဲ့သည်ဟု LPDF (SINTGAING) က ဆို သည်။

ထို့နောက် နေ့လည် ၁၂နာရီ မိနစ်၂၀တွင် ပေါက်ကွဲမှုကို လာစစ်ဆေးသည့် စစ်ကောင်စီတပ်သား လေးဦးကို အသင့်ထောင်ထားသည့် မိုင်းဖြင့်ခွဲရန် ရည်ရွယ်ထားသော်လည်း မီတာခလာဆောင်သူ ပြည်သူများနှင့်အတူ ရောနှောကာ အဝင်အထွက် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူများ၏ အန္တရာယ်ကို ငဲ့ကွက်၍ ထောင် ထားသည့် မိုင်းကို ရှောင်လွှဲ၍ ဖောက်ခွဲ ခဲ့ရကြောင်း LPDF (SINTGAING)က အသိပေးသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး ရဲဘော်များသည် အသက်အန္တရာယ်ကင် ရင်း၍ မစ်ရှင်များကို ဖော်ဆောင်နေရသောကြောင့် ပြည်သူများအနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားသောနေရာများတွင် မည်သည့်အကြောင်းမျိုးနှင့် မျှ ရှိမနေသင့်ဟု ဆိုသည်။

မနေ့သင့်သည့် မနေအပ်သည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှိမနေဘဲ တော်လှန်ရေးကို ပူးပေါင်းပါဝင်ကြရန် LPDF (SINTGAING) က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။