Connect with us

Hi, what are you looking for?

News

ပလိပ်မြို့တွင် လျှပ်စစ်ရုံး ​ဖောက်ခွဲတိုက်ခိုက်မှုလာ​ရောက်စစ်​​ဆေး​​သော စစ်​ကောင်စီတပ်သားများကို ထပ်မံတိုက်ခိုက်ရန်စီစဥ်ထား​သော်လည်း မီတာလာ​ဆောင်သူများ​ကြောင့် ​ရှောင်လွှဲခဲ့ရ

ပြည်သူများ၏ အန္တရာယ်ကို ငဲ့ကွက်၍ ထောင် ထားသည့် မိုင်းကို ရှောင်လွှဲ၍ ဖောက်ခွဲ ခဲ့ရကြောင်း LPDF (SINTGAING)က အသိပေးသည်။

မန္တလေးတိုင်း ပလိပ်မြို့လျှပ်စစ်မီတာရုံးအတွင်း လက်ပစ်ဗုံးခွဲတိုက်ခိုက်မှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲရန်စီစဥ်ခဲ့သော်လည်း မီတာလာဆောင်သူများကြောင့် ဖောက်ခွဲမှုရှောင်လွှဲခဲ့ရကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇ နာရီ ၄၀မိနစ်တွင် ပလိပ်မြို့လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံးဖြင့် ကနဦး တိုက်ခိုက်ခဲ့သည်ဟု LPDF (SINTGAING) က ဆို သည်။

ထို့နောက် နေ့လည် ၁၂နာရီ မိနစ်၂၀တွင် ပေါက်ကွဲမှုကို လာစစ်ဆေးသည့် စစ်ကောင်စီတပ်သား လေးဦးကို အသင့်ထောင်ထားသည့် မိုင်းဖြင့်ခွဲရန် ရည်ရွယ်ထားသော်လည်း မီတာခလာဆောင်သူ ပြည်သူများနှင့်အတူ ရောနှောကာ အဝင်အထွက် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူများ၏ အန္တရာယ်ကို ငဲ့ကွက်၍ ထောင် ထားသည့် မိုင်းကို ရှောင်လွှဲ၍ ဖောက်ခွဲ ခဲ့ရကြောင်း LPDF (SINTGAING)က အသိပေးသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး ရဲဘော်များသည် အသက်အန္တရာယ်ကင် ရင်း၍ မစ်ရှင်များကို ဖော်ဆောင်နေရသောကြောင့် ပြည်သူများအနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားသောနေရာများတွင် မည်သည့်အကြောင်းမျိုးနှင့် မျှ ရှိမနေသင့်ဟု ဆိုသည်။

မနေ့သင့်သည့် မနေအပ်သည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှိမနေဘဲ တော်လှန်ရေးကို ပူးပေါင်းပါဝင်ကြရန် LPDF (SINTGAING) က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။