Connect with us

Hi, what are you looking for?

News

မန္တလေးမှာ သင်္ကြန်ကျင်းပဖို့စစ်အုပ်စု မဏ္ဍပ်ဆောက်နေ

မန္တလေးသင်္ကြန်ကို ကျုံးရေပြင်မှာ လောင်းလှေတွေနဲ့ရေပက်ဖို့စစ်ကောင်စီက စီစဉ်နေသလို မြို့တော်ဝန်မဏ္ဍပ်ကိုလည်းစတင်တည်ဆောက်နေတာတွေ့ရပါတယ်။

မန္တလေးသင်္ကြန် ဖွင့်ပွဲနဲ့ပိတ်ပွဲကို ကျုံးရေပြင်မှာရေကစားဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။

ဒါအပြင် မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေရေးလုပ်ဖို့ မဏ္ဍပ်ကိုလည်းတည်ဆောက်နေပါတယ်။

အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ်ကတော့ လူထုက တော်လှန်သင်္ကြန်ဆင်နွှဲတာကြောင့် မဏ္ဍပ်မဆောက်နိုင်ဘဲ နန်းတွင်းကတပ်ထဲမှာပဲ စစ်အုပ်စုဟာသင်္ကြန်ကျခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။