စစ်ရှောင်ဒေသများရှိ စားသောက်ကုန် ရောင်းချသူများသည် ကုန်ပစ္စည်းဈေးနူန်း၏ ၁၀ရာခိုင်နှုန်းသာအမြတ်တင်ရောင်းချရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ထုတ်ပြန်သည်။
အဆိုပါ ကုန်ပစ္စည်းအမြတ်တင် သတ်မှတ်ချက်ကို ကျေးရွာလူထု အကြီးအကဲများ၊ကရင်နီတပ်မတော်(KA) အကြီးအကဲများနှင့် KNDF တပ်ရင်း(၁၅)မှ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
“အဓိတော့ ဒေသခံလူထု အချင်းချင်း တစ်ဖက်နဲ့တစ်ဖက် မနစ်နာအောင်ရယ်။ ရေရှည် သွားလို့ရအောင် ဆောင်ရွက်တာပါ”ဟု KNDF တပ်ရင်း (၁၅)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
သတ်မှတ်စျေးနှုန်းထက် အမြတ်တင်ရောင်စချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ဆောင်ရမည်ဟုလည်း သတိပေးသည်။

Public Service Announcement
အလားတူ ဖရူဆိုမြို့နယ်အခြေစိုက် KNDF တပ်ရင်း (၁၅)၏ လှုပ်ရှားမှုနယ် မြေအတွင်းအကြမ်းဖက်စစ်ကောင်စီ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တားမြစ်ကြောင်း အသိပေးသည်။
ဆိုင်ရှင်များနှင့် ပြည်သူလူထု အားလုံးသည်Mytel၊ Premium Gold၊ Red Ruby ၊အန်ဒမန်၊မြန်မာဘီယာ၊ မန္တလေးတံဆိပ်ဘီယာများ၊ ဆင်မင်၊ဒဂုံ၊ ကြံတဆိပ်ဘိလပ်မြေ၊ Milky နို့ဆီနှင့် ရွှေဖီဦး တီးမစ်အစရှိသည့် မည်သည့်ထုတ်ကုန်ပစွည်းများကိုမဆိုလက်ဝယ်သိုလှောင်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းများကို လုံးဝ (လုံးဝ)ခွင့်မပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တစ်လကျော်ကြာထိုးစစ်ဆင်ခံနေရသည့် ကရင်နီ(ကယား) ပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၇၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
