Connect with us

Hi, what are you looking for?

LuduNwayOo

News

တပ်မ​တော်​နေ့တွင် အစွန်အဖျားရှိ ရဲစခန်းများ တိုက်ခိုက်လာနိုင်​ချေရှိ​၍ ကြိုတင်ပြင်ဆင်ရန် စစ်​ကောင်စီ လုံခြုံ​ရေးတပ်လှန့်​နေ

ရဲစခန်း၊ရဲကင်းစခန်းများတွင် ခံစစ်ဥပဒေနှင့်အညီ ဘန်ကာ(Over Head)၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်းများ စနစ်တကျပြင် ဆင်ဆောင်ရွက်ထားရှိရန်၊ လူ ၊လက်နက်၊ခဲယမ်း၊ယာဉ် အသင့်ဖြစ်စေရေးစနစ်တကျစုဖွဲ့ထားရှိရေးလည်း ပါဝင်သည်။

တပ်မတော်နေ့(မတ်လ၂၇ရက်)တွင် အစွန်အဖျားကျ​ရောက်​သည့် ရဲစခန်းများ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခံရမည်ကို သတင်းရရှိ၍ ကြိုတင်ပြင်ဆင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံ​ရေးတပ်လှန့်ထားသည့် ကြေးနန်းစာကို Myanmar Police CDM Channel -MPCC က ယနေ့ညပိုင်းတွင် ထုတ်ပြန် သည်။

စစ်ကောင်စီတပ်တွင်း ဖရဲသီး(သတင်းပေး)မှ ပေးပို့သည်ဆိုသည့် ကြေးနန်းစာအရ ရဲတပ်ဖွဲ့တံဆိပ်တုံးထုနှိပ်ထားသည်။

ထိုကြေးနန်းစာတွင် မတ်လ ၂၇ ရက်၌ ကျင်းပမည့် တပ်မတော်နေ့အခမ်းအနား နီးကပ်လာ၍ အကြမ်းဖက်သူများမှဆိုကာ နည်းမျိုးစုံအဖျက်အမှောင့်လုပ်ငန်းများပြုလုပ်မည်ဖြစ်ကြောင်းနှင့် အင်အားနည်းပါးပြီး အစွန်အဖျားကျသော ရဲစခန်း၊ ရဲကင်းစခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း အခြားသတင်းများအရ သိရှိရဟု ဖော်ပြထားသည်။

ထို့ကြောင့် လုံခြုံရေးအသိ၊လုံခြုံရေးသတိဖြင့် တစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ဖြင့် လုံခြုံရေးစောင့်ကြပ်ရန်၊ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ တိုက်ခိုက်ခံရမှုမရှိစေရေး တာဝန်ရှိသူအဆင့် ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန် ကြေးနန်းစာတွင် ညွှန်ကြားထားသည်။

Public Service Announcement

Public Service Announcement

ရဲစခန်း၊ရဲကင်းစခန်းများတွင် ခံစစ်ဥပဒေနှင့်အညီ ဘန်ကာ(Over Head)၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်းများ စနစ်တကျပြင် ဆင်ဆောင်ရွက်ထားရှိရန်၊ လူ ၊လက်နက်၊ခဲယမ်း၊ယာဉ် အသင့်ဖြစ်စေရေးစနစ်တကျစုဖွဲ့ထားရှိရေးလည်း ပါဝင်သည်။

လုံခြုံရေးသတင်း၊ထောက်လှမ်းရေးအသိဖြင့် ဂရုပြုဆောင်ရွက်ရန် ၊သတင်းလက်ဦးမှုရရှိရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ထူးခြားမှုရှိပါက သက်ဆိုင် ရာတပ်နယ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရေး စစ်အုပ်စုက ညွှန်ကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ရဲကင်းစခန်းများနှင့် တပ်သားများသည် မကြာခဏချေမှုန်းခံနေရခြင်းကြောင့် ၎င်းတို့မိသားစုဝင်များပါ ကြောက်ရွံ့နေကြပြီး ယခုကဲ့သို့အထက်အဆင့်ဆင့်မှ ညွှန်ကြားစာများ မကြာခဏဆိုသလိုထုတ်ပြန်ပေးနေရသည်ဟု MPCC က ဆိုသည်။

ပြည်သူလူထု၏ နာကျည်းမုန်းတီးမှုများ အမြင့်ဆုံးသို့ရောက်ရှိနေသော စစ်ကောင်စီလက် အောက်ခံ Non CDM ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြင်မှန်ရရှိပြီး အချိန်မီအမြန်ဆုံး ပြည်သူဘက်သို့ ခိုလှုံဝင်ရောက်ရန်လည်း MPCCက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။