Connect with us

Hi, what are you looking for?

News

ဦးခင်​ရွှေသားအဖကို အမှု​ဟောင်းအ​ကြောင်းပြ၍ စစ်​ကောင်စီဖမ်းဆီး

ဦးခင်​ရွှေသည် သူရဦး​ရွှေမန်းနှင့် ခမီးခမက်​တော်သည်။ထိုအပြင် ၂၀၁၅ ဝန်းကျင်​နောက်ပိုင်းဒေါ်​အောင်ဆန်းစုကြည်နှင့် ရင်းနှီးခဲ့​သော ဆက်ဆံ​ရေးရှိခဲ့သည်။ သို့​​သော် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး​နောက်ပိုင်းတွင်အာဏာသိမ်းမှု ၊စစ်တပ်နှင့်ပတ်သပ်၍ ဦးခင်​ရွှေ​ရော ၎င်း၏သား ​ကိုဇေသီဟ​ပါ ဆန့်ကျင်မ​​ပြောခဲ့ကြ​​ပေ။

ဦးခင်​ရွှေ

၂၀၁၉ခုနှစ်က အမူဟောင်းကို အကြောင်းပြပြီး ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေနှင့်သားကိုဇေသီဟတို့အားအကြမ်း
ဖက်စစ်ကောင်စီက ယ​နေ့ ဖမ်းဆီးသွားကြောင်းသိရသည်။

“ဖြစ်တာက ပုဂ္ဂိုလ်ရေးမကျေနပ်လို့ဖြစ်တာထင်တယ်။ သူတို့အချင်းချင်း ဘာတွေငြိလဲမသိဘူး။ ဒါကို အမူဟောင်းကို အကွက်ဆင်ဖမ်းတာ”ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဌဦးခင်ရွှေနှင့်နီးစပ်သူ တစ်ဦးကမှတ်ချက်​ပေးသည်။

ဗဟန်းရဲစခန်း၏ အမူဖွင့်ထားမှုအရ အကြမ်းဖက်စစ်​ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဒေါက်တာခင်ရွှေနှင့်အပေါင်းပါများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် အမူဖွင့်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ထိုအမူဖွင့်ချက်တွင် ဇေကမ္ဘာကုမ္ပဏီကြောင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ရှေးဟောင်းသမိုင်းဝင်အဆောက်အဦး လေးလုံးဖျက်ဆီးခဲ့ရပြီး အမွေအနှစ်များ ဆုံးရှုံးခဲ့ရသည်ဟုစွပ်စွဲထားသည်။ရှေးဟောင်းအဆောက်အဦးများကို ဖြိုဖျက်ရန် ညွန့်ကြားခဲ့သည့်ဇေကမ္ဘာဥက္ကဌဦးခင်ရွှေနှင့်အဆောက်အဦးဖြိုဖျက်ရန် ညွှန့်ကြားစေခိုင်သူများနှင့်ဖြိုဖျက်သူများကို အရေးယူရန်အကြမ်းဖက်စစ်တပ်ကဗဟန်းရဲစခန်းကိုတိုင်ကြားခဲ့ခြင်းဟုပါရှိသည်။

Public Service Announcement

Public Service Announcement

ကို​ဇေသီဟ

ဇေကမ္ဘာကုမ္ပဏီက ဖြိုဖျက်ခဲ့သည့် အဆောက်အဦးများတွင် စစ်အစိုးရလက်ထက်မြို့တော်ဝန်အိမ်ဟောင်းနှင့် မြို့တော်ဝန်ဧည့်ဂေဟာတို့ပါဝင်သည်ဟု အာဏာာသိမ်းစစ်​ကောင်စီကဆိုသည်။ စစ်တပ်နှင့်ပိုင်ဆိုင်မှု အငြင်းပွားခဲ့​သောစစ်တပ်ပိုင်သာ်ဆို​သောမြေနေရာတွင် ဇေကမ္ဘာကုမ္ပဏီက မြရိပ်ညိုအိမ်ယာစီမံကိန်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။ မြရိပ်ညို အိမ်ရာ စီမံကိန်းသည် တပ်ကသိမ်းထား​သော​မြေ ဧက ၁၃ ဧက ကျော်ပေါ်တွင်အကောင်အထည် ဖော်မည့် ၁၂ ထပ်ပါ အထပ် မြင့်အဆောက်အအုံစီမံကိန်းတခုဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း၊ မြေအသုံး ပြု ငှားရမ်းခများကို ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ဇေကမ္ဘာ ကုမ္ပဏီသည် တရုတ်ကုမ္ပဏီတစ်ခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက် တစုံတရာ မယူဘဲ လုပ်ကိုင်ခြင်း၊ ထို့ပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံ ၂ လုံးကို ဖြိုဖျက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဘက်က ၂၀၁၈ ခုနှစ်ထဲတွင်အဆိုပါစီမံကိန်းကိုပိတ်ပင်ရပ်ဆိုင်းခဲ့သည်။

ယင်းအပြင် အဆိုပါ စီမံကိန်းသည် မြို့နယ်၈မြို့နယ်ရေပေးဝေနေသည့် ကုက္ကိုင်း ရေလှောင်ကန် မြေနေရာကို ထိခိုက် နိုင်သည် ဆိုသော ကန့်ကွက်မှုများကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ၂၀၁၈ ခုနှစ် အတွင်း၌ စီမံကိန်းကို ရပ်ဆိုင်းထားရန် တားမြစ်ထားသည်ဟုဆိုသည်။

ဦးခင်​ရွှေသည် သူရဦး​ရွှေမန်းနှင့် ခမီးခမက်​တော်သည်။ထိုအပြင် ၂၀၁၅ ဝန်းကျင်​နောက်ပိုင်းဒေါ်​အောင်ဆန်းစုကြည်နှင့် ရင်းနှီးခဲ့​သော ဆက်ဆံ​ရေးရှိခဲ့သည်။ သို့​​သော် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး​နောက်ပိုင်းတွင်အာဏာသိမ်းမှု ၊စစ်တပ်နှင့်ပတ်သပ်၍ ဦးခင်​ရွှေ​ရော ၎င်း၏သား ​ကိုဇေသီဟ​ပါ ဆန့်ကျင်မ​​ပြောခဲ့ကြ​​ပေ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။