Connect with us

Hi, what are you looking for?

News

မဆုတ်တမ်းခံစစ် သတ်မှတ်ထားသည့် မော်ခီးစခန်းသိမ်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေ၊ တစ်ဦးဖမ်းမိ

CDM အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးလင်းထက်အောင်က မော်ခီးစခန်း သည် တိုက်ခိုက်ဖို့ မလွယ်သည့် စခန်းဖြစ်သော်လည်း လေယာဉ်မပါလျှင် စစ်မတိုက်တက်တော့သည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ရုံးရည် နှလုံးရည်ကွာခြားမှုကြောင့် အလွယ်တကူ သိမ်းပိုက်ခံရခြင်းဖြစ်သည်ဟု သုံးသပ်သည်။

▪️လက်နက်ငယ် ​လေးလက်နှင့် လက်နက်ကြီးတစ်လက် ၊ လက်နက်ကြီးကျည်နှင့် RPG ဒုံးသီးများစွာ အပါအဝင် ကျည်နှင့်ခဲယမ်းအများအပြားရ

အကြမ်းဖက်စစ်ကောင်စီတပ်က မဆုတ်တမ်းခံစစ်အဖြစ်သတ်မှတ်ထားသည့် မြ၀တီခရိုင် ဝေါ်လေမြို့နယ်ခွဲမှ မော်ခီးစခန်းအား ကရင်အမျိုးသားအစည်းအရုံး (KNU)လက်အောက်ခံတပ်နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ငယ် နှင့်လက်နက်ကြီးအချို့၊ ခဲယမ်းနှင့် ကျည် များစွာ သိမ်းဆည်းရမိခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မတ်လ ၂၁ရက် ညနေပိုင်း၌ သိမ်းပိုက်ခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KNUက တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးသော်လည်း သတင်းဌာနအချို့၏ ဖော်ပြချက်၌ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ရှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ KNU သတင်းရင်းမြစ်က “ရှစ်ဦးသေတယ်ဆိုတာလည်း ကြားတယ်။ ဒါပေမဲ့ အတည်ပြုလို့တော့မရသေးဘူး။ မနေ့က စခန်းတက်သိမ်းသိမ်းချင်း နှစ်ဦးလို့သိရတယ်။ နောက်ထက် သေတာရှိတယ်လို့လည်း ပြောတယ်။ သေဆုံးတဲ့သူ ငါးဦး၊ ခြောက်ဦးတော့ ရှိမယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ယနေ့ ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မော်ခီးစခန်း ဖြစ်စဉ်တွင် KNU တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုမရှိဟု ၎င်းက ပြောသည်။

“သူတို့ကတော့ မဆုတ်တမ်းခံစစ်လို့တော့ ရေးထားတယ်။ ဒါပေမဲ့ သူတို့အင်အားက ၂၀ကျော်လောက်ပဲ။ အဲဒါကို ဝိုင်းပြီးတော့ အလစ်အငိုက် ဝင်တိုက်တဲ့အခါကျတော့ မခံနိုင်တာပေါ့။ စိတ်ပိုင်းဆိုင်ရာကြောင့်လဲ ပါတယ် အလစ်အငိုက် ဝင်တိုက်တာကြောင့်လဲပါတယ်။ အလစ်အငိုက် ဝင်တိုက်တဲ့အခါ သူတို့က ဘာမှ ခံမပစ်ရဘူးလေ”ဟု အဆိုပါ စခန်းအား သိမ်းပိုက်နိုင်မှု အခြေအနေကို KNU သတင်းရင်းမြစ်က ပြောသည်။

CDM အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးလင်းထက်အောင်က မော်ခီးစခန်း သည် တိုက်ခိုက်ဖို့ မလွယ်သည့် စခန်းဖြစ်သော်လည်း လေယာဉ်မပါလျှင် စစ်မတိုက်တက်တော့သည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ရုံးရည် နှလုံးရည်ကွာခြားမှုကြောင့် အလွယ်တကူ သိမ်းပိုက်ခံရခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“တိုက်ဖို့မလွယ်တဲ့စခန်းတစ်ခုထဲမှာပါပါတယ်။စခန်းနဲ့အနီးကပ်ဆုံးလှုပ်ရှားတာက ဗိုလ်မှုးအဆင့် ဦးစီးစစ်ကြောင်းတစ်ကြောင်း။ စခန်းမှာက တပ်စုမှုးဦးစီး တပ်စု ၁ စု ရှိတယ်။လက်နက်နဲ့ခဲယမ်းက တကယ်တမ်းခံတိုက်ရင် တစ်ပတ် ၂ ပတ် လောက် ထိတောင့်ခံလို့ရတယ်။ အဲ့စခန်းပတ်ဝန်းကျင် ဝေါလေမှာ ဗျုဟာတစ်ခု ကနဲလေးမှာ အမြှောက်စခန်းတစ်ခုနဲ့ တပ်ရင်းမှုးဦးစီး စစ်ကြောင်းစခန်း တွေရှိတယ်။ စစ်ကူပစ်ကူအနေအထားတွေအရ တောင့်ခံလို့ရတယ်။စခန်းကလည်း မဆုတ်တမ်းခံစစ်စခန်း ။ဒီလိုအခြေအနေတွေမှာ အလွယ်တကူပဲစခန်းကို ခွေးမောင်းသလို မောင်းပြီးသိမ်းနိုင်ခဲ့တယ်၊” ဟု ဗိုလ်ကြီးလင်းထက်အောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဘာစွမ်းရည်မှမရှိတော့သည့် စစ်တပ်ထဲ၌ အသေခံမလား ၊ပြည်သူနှင့် ပူးပေါင်းမလားဟု ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မေးခွန်းထုတ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။