သတင်း စက်သုံးဆီဈေး စစ်ကောင်စီ တိုးမြှင့်သတ်မှတ် ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ် ကောင်စီက ဒီကနေ့ (မတ်လ ၆ရက်)မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ludunwayooမတ် 7, 2026
သတင်း ရေတာရှည်မှာ စစ်တပ်က ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းကို အင်အား(၅၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်(PLSF)က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooမတ် 6, 2026
သတင်း KTLAဗိုလ်ကော်လားဖိုးအဖွဲ့ ခြုံခိုတိုက်ခိုက်လို့ KNLA ရဲဘော် ၅ဦး ဒဏ်ရာရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်ရင်း(၁၂)က ရဲဘော် ၅ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 6, 2026
သတင်း လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။ ludunwayooမတ် 6, 2026
သတင်း စက်သုံးဆီ လုံလောက်ကြောင်း စစ်ကောင်စီပြောပြီးနောက် မန္တလေးမှာ ဆီတန်းစီသူတွေ ပိုများလာ ထုတ်ပြောပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီသူတွေ ပိုမိုများပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooမတ် 6, 2026
သတင်း ဖားကန့်တိုက်ပွဲပြင်းထန်လာပြီးအရပ်သားအချို့ထိခိုက်မှုရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစတင်တဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုတွေရှိလာသလို မပေါက်ကွဲသေးတဲ့မိုင်းတွေရဲ့အန္တရာယ်ကိုလည်း ဒေသခံတွေက သတိပေးနေကြပါတယ်။ ludunwayooမတ် 6, 2026
သတင်း ဗန်းမော်နဲ့ ဝိုင်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေဟု KIA ပြော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်တက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ludunwayooမတ် 6, 2026
သတင်း မုံရွာ – ချောင်းဦးလမ်းပိုင်းမှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မော်တော်ယာဥ် တွေကို ငွေညှစ်ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း MONYWA DYNAMITE (STF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooမတ် 6, 2026
သတင်း မယ်စဲ့မှာ စစ်သုံ့ပန်းတွေ ထားရှိတဲ့နေရာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးထက်မနည်းသေဆုံး ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။ ludunwayooမတ် 6, 2026
သတင်း မြဝတီဆီ စက်သုံးဆီ စီးဆင်းမှုကို စစ်ကောင်စီတပ် ကန့်သတ် စက်သုံးဆီအရေး အခက်ကြုံနေရချိန် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကနေ မြ၀တီမြို့ဆီ မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာမယ့် စက်သုံးဆီကားတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooမတ် 6, 2026