Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ခွင့်ပြုချက်မဲ့ တိုက်​ဆောက်တယ်ဆိုပြီး အရှုပ်​တော်ပုံ​ပေါ်​ပေါက်၊အများအပြားဖမ်းဆီးစစ်​ဆေးခံ​​နေရ

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်​နေတယ် ဆိုပြီး စစ်တပ်လက်​အောက်ရှိ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ၊ အင်ဂျင်နီယာဌာန (အ​ဆောက်အအုံ)က အရာရှိ​တွေ ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူး​တွေ ၊ကန်ထရိုက်တာ​တွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးဌာန) က ဖမ်းဆီးစစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

(ရန်ကုန်မြို့မှာခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့ကန်ထရိုက်တိုက်ကို စည်ပင်က​ကြေညာချက်ကပ်ထားစဥ်။ဓါတ်ပုံ-​​အောင်ကြီး)

သြဂုတ်-၁၉၊ ၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်​နေတယ် ဆိုပြီး စစ်တပ်လက်​အောက်ရှိ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ၊ အင်ဂျင်နီယာဌာန (အ​ဆောက်အအုံ)က အရာရှိ​တွေ ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူး​တွေ ၊ကန်ထရိုက်တာ​တွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးဌာန) က ဖမ်းဆီးစစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ရန်ကုန်စည်ပင်က အင်ဂျင်နီယာဌာန(ယာအုံ)က ခရိုင်မှူး ၄ ဦးကို စစ်အုပ်စုကဖမ်းပြီးစစ်​ဆေး​နေတယ်လို့ ဖြစ်စဥ် သိသူသတင်းရင်းမြစ်တဦးက​ပြောပါတယ် ။

“ယာအုံတာဝန်ခံတွေ ဒီကာလ ပိုက်ဆံကိုအိတ်နဲ့သယ်နေရတယ်။တိုင်စာတက်တော့ မတဝ(စစ်တပ်ခန့် ​ထွေအုပ်) က စစစ လွှဲလိုက် တာ ချက်ခြင်းဖမ်းသွားရော”လို့အထက်ပါသတင်းရင်းမြစ်ကဆက်​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

၎င်းတို့အပြင်မြို့နယ်လျှပ်စစ်ရုံးမန်​နေဂျာ ၊စာ​ရေး နဲ့ ​မြေပိုင်ရှင်အချို့လည်းဖမ်းဆီးစစ်ခံ​နေရတယ်လို့သိရပါတယ် ။ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ စည်ပင် ၊ကန်ထရိုက်တာ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး တို့​ပေါင်းပြီး​ဆောက်လုပ်ထားတဲ့ကန်ထရိုက်တိုက်အလုံး​ရေများစွာရှိတယ်လို့ စည်ပင်ဝန်ထမ်းတဦးက​ပြောပါတယ်။ အခုလို ပြသာနာတက်ဖမ်းဆီးစစ်​ဆေးတာဟာ အ​​ဝေမတည့်ကြလို့ဖြစ်ပြီး အမှတ်တကယ်အ​ရေးယူမယ်ဆိုရင် ရန်ကုန်တစ်မြို့လုံးအ​ဆောက်အအုံများစွာနဲ့ စည်ပင်ဝန်ထမ်း​တွေ ၊ အုပ်ကြီး​တွေ ၊ကန်ထရိုက်တာ​တွေ ၊လျှပ်စစ်ရုံးအရာရှိ​တွေအများအပြားအ​ရေးယူရမှာဖြစ်တယ်လို့ CDM အရာရှိတဦးက​ပြောပါတယ် ​။

စမ်းချောင်းမြို့နယ်မှာလည်း အဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံးကဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

စမ်းချောင်းမြို့နယ်မှာရှိတဲ့ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရက်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်မတီ(စည်ပင်)ကို ဆောက်လုပ်ခွင့်မတင်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သြဂုတ် ၁၄ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံး ဖမ်းဆီးပြီးမင်္ဂလာဒုံမြို့နယ်ကရေကြည်အိုင်စစ်ကြောရေးမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။

“ရေကြည်အိုင်မှာ သူတို့ကိုစစ်နေတာ ဟုတ်တယ်။ကန်ထရိုက်ကစည်ပင်ကလူကြီးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး ဆောက်တာ။ပြောရရင် လိုင်စင်မဲ့ဆောက်နေတာပေါ့။ တိုင်တဲ့သူရှိလို့ စစ်ဆေးရာကနေ လိုင်စင်မဲ့ဆောက်မှန်းသိတာ”လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဆိုပါအဆောက်အအုံအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးအခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။

“အကုန်ရောင်းပြီးသား။ တချို့တိုက်တွေဆို လူတွေတောင် နေနေပြီ။စာတွေလာကပ်သွား​တေ့ာ ဖယ်ပေးရတော့မှာ။ စာလာကပ်သွားတာ တပတ်လောက်ရှိပြီ။ စည်ပင်ကလာကပ်သွားတာ” လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ​ဒေသခံအချို့က​ပြောပါတယ်။

စည်ပင်ဥပဒေပုဒ်မ ၆၁ (ဃ)အရ စည်ပင်က ခွင့်ပြုထားတဲ့ အဆောက်အအုံ ပုံစံနဲ့ ကွဲလွဲတဲ့ အ‌ဆောက်အအုံတွေကို ဆောက်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။

ပုဒ်မ ၆၁ (င) အရ ဆောက်လုပ်ပြီးစီးထားတဲ့ အဆောက်အအုံမှာ စည်ပင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုတာတွေကို တားမြစ်ထားပြီး အဲဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် တစ်သောင်းကနေ အများဆုံး ငွေဒဏ်ကျပ် ၅ သိန်းအထိဖြစ်စေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ ဆိုက္ကားပေါ် ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ဆိုက္ကားဆရာကို အမျိုးသားတစ်ယောက်ဟာ သူ့လက်မောင်းက အင်္ကျီကို မ တင်ရင်း "ဇရှိလား"လို့ သွားမေးတယ်။ ဆိုက္ကားဆရာက "သွားစမ်းပါကွာ ဆိုက္ကားဆွဲမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ"လို့ ပြန်ပြောတယ်။ ဒါကို အဲဒီအမျိုးသားက "ဇရှိလား"လို့ ထပ်မေးတော့ ဆိုက္ကားဆရာက ဆိုက္ကားပေါ်ကဆင်းပြီး တုတ်ရှာဖို့ပြင်တယ်။...

ဆောင်းပါး

ငမိုးရိပ်တမံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်တဲ့ ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။တမံဟာအမြင့် ၇၅ ပေ၊ အလျား ၁၅,၅၀၀ပေရှိပြီးရေလှောင်နိုင်စွမ်း ၁၈၀,၀၀၀ ဧကပေခန့်ရှိတယ်လို့ သိရပါတယ်။

သတင်း

ကာလဝမ်း​ရောဂါဖြစ်ပွားသူ ၁၄၀​ကျော်ရှိ

သတင်း

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။

Facebook