Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲပြင်းထန်လာပြီးအရပ်သားအချို့ထိခိုက်မှုရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစတင်တဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုတွေရှိလာသလို မပေါက်ကွဲ​သေးတဲ့မိုင်းတွေရဲ့အန္တရာယ်ကိုလည်း ဒေသခံတွေက သတိပေးနေကြပါတယ်။

ဖားကန့် ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ် ကောင်စီတပ်မှ စစ်သားအချို့။ ဓါတ်ပုံ-Kachin Net

မတ်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစတင်တဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုတွေရှိလာသလို မပေါက်ကွဲ​သေးတဲ့မိုင်းတွေရဲ့အန္တရာယ်ကိုလည်း ဒေသခံတွေက သတိပေးနေကြပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကစပြီး တိုက်ပွဲတွေငြိမ်သက်သွားပြီးတဲ့နောက် မတ်လ ၃ရက်ကစတဲ့ တကျော့ပြန်တိုက်ပွဲဟာ တစ်ရက်ထက် တစ်ရက် ပိုမိုပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က နေ့ခင်းမှာ အိမ်ပေါ် လက်နက်ကြီးကျလို့ မြေးအဘွား၂ယောက် ထိတယ်။ ဒဏ်ရာရတာပါ့။ နောက်ပြီး မိုင်းတွေလည်း တွေ့နေရတယ်။ မိုင်းရော စစ်ကြောင်းရော ကြောက်ရတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူထိခိုက်မှုက မတ်လ ၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ် ဗျူဟာကုန်းကနေပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ ကလပ်ကုန်းလမ်းကြားကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဒဏ်ရာရခဲ့တာလို့ သတင်းရရှိပါတယ်။

မတ်လ ၃ရက်မနက်က တိုက်ပွဲမဖြစ်ခင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ တိုက်ပွဲက မရှီကထောင်ရပ်ကွက်ဘက်မှာ အပြင်းထန်ဆုံးဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ဖေဖော်

ဝါရီလလယ်က တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ဖေဖော်ဝါရီ ၁၄ရက်မှာ တိုက်

ခိုက်ခဲ့ပြီး လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်း ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ညပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီ(SNA)တပ်တွေ ပြန်ဝင်လာခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတချို့က မရှီကထောင်ရပ်ကွက်ဘက်ကို ဦးတည်နေသလို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိနေတဲ့သတင်းထွက်ပေါ်နေပါတယ်။

ဖားကန့်တိုက်ပွဲဖြစ်ရင် မိုင်းအန္တရာယ်နဲ့ မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေရဲ့ အန္တရာယ်ကို ဒေသခံတွေ ကြုံတွေ့ကြရပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာ မိုင်းတွေထောင်သလို စစ်ကြောင်းဦးတည်တဲ့ လမ်းပိုင်းတွေမှာလည်း KIA၊KPDF က မိုင်းထောင်ပါတယ်။

အဓိကအားဖြင့် စစ်ကောင်စီတပ်ထောင်ခဲ့တဲ့ မိုင်းတွေကြောင့် အရပ်သားထိခိုက်မှုတွေရှိပြီး KIA၊KPDF က မိုင်းထောင်ပေမယ့် ကြိုတင်သတိပေးသလို စစ်ကြောင်းထွက်သွားရင်လည်း မိုင်းတွေပြန်သိမ်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ လလယ်အထိ မိုင်း‌ပေါက်ကွဲလို့ ကလေးငယ်အချို့အပါအဝင် သေဆုံးသူ အရပ်သား ၈ဦးထက်မနည်းရှိခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ ဖားကန့်မြို့အပြင် ဝိုင်းမော်နဲ ဗန်းမော်မြို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဖားကန့်မြို့က လူဦးရေအများဆုံးဒေသဖြစ်ပြီး ဒေသခံတွေအနေနဲ့ တိုက်ပွဲဧရိယာကနေ ဘေးလွတ်ရာကိုကြိုတင် ရှောင်ကြဖို့နဲ့ မိုင်းအန္တရယ်လည်းသတိပြုကြဖို့ စစ်ရေးအခြေအနေနဲ့နီးစပ်သူတချို့က သတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့