Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့မှာ စစ်သုံ့ပန်းတွေ ထားရှိတဲ့နေရာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးထက်မနည်းသေဆုံး

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ် ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ စစ်သုံ့ပန်းတွေ ။ ဓာတ်ပုံ - ပေးပို့

မတ် -၅၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ (မတ်လ ၅ ရက်) မနက် ၁၁နာရီဝန်းကျင် က စစ်တပ်ဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားတဲ့ မယ်စဲ့မြိုနယ်က အကျဥ်းထောင်ကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“မယ်စဲ့ထောင် အနီးအနားဘက် ဗုံးကြဲသွားတယ်။အထိအခိုက်ရှိတယ်။စစ်တပ်မိသားစုနဲ့ တပ်ထဲနေထိုင်တဲ့ အမျိုးသမီးနဲ့ ကလေးတွေပါ”လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ငါးဦးနဲ့ ထိခိုက် သူ ၂၀ ဝန်းကျင်ရှိထားပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်ပြီး ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေ ထိခိုက်သေဆုံးခဲ့တာလို့လည်း မယ်စဲ့မြို့နယ်မှာရှိတဲ့ ကရင်နီရဲဘော်တစ်ဦးက အသိပေးပါတယ်။

မယ်စဲ့မြို့နယ် အနောက်ဘက်ခြမ်းက ဖားဆောင်းမြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ရောက်ရှိနေပေမယ့် ဖားဆောင်းကနေ မယ်စဲ့မြို့ကိုတိုက်ရိုက်ဝင်နိုင်တဲ့ သံလွင်တံတား(ဖားဆောင်း) ဟာ ဖေဖော်ဝါရီက မိုင်းခွဲ ဖျက်ဆီးခံထားရပါတယ်။

ဒါပေမယ့် အခုနှစ် ဇန်နဝါရီက မယ်စဲ့မြို့နယ်မှာရှိတဲ့ အကျဥ်းထောင်ကနေ စစ်ကောင်စီသုံ့ပန်း ၆၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ဖူးပါတယ်။

“ကျနော်တို့လည်း ယတိပြတ် သုံးသပ်ချက်တော့ မပေးလိုသေးဘူး”လို့ ဦးဗညားက ဒီကနေ့ လေ ကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ကရင်နီပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်တာ နဲ့ ဒရုန်းဗုံးကြဲလို့ အရပ်သား ၇ဦးသေဆုံးခဲ့ပြီး ၁၇ ဦးဒဏ်ရာရတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။