Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး စစ်ကောင်စီ တိုးမြှင့်သတ်မှတ်

ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ် ကောင်စီက ဒီကနေ့ (မတ်လ ၆ရက်)မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စက်သုံးဆီရဖို့ တန်းစီနေကြစဉ်။ ဓာတ်ပုံ - CJ

မတ်-၆၊၂၀၂၆။ဇော်ဝင်း /People’s Spring

ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ် ကောင်စီက ဒီကနေ့ (မတ်လ ၆ရက်)မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ တစ်လီတာ အနည်းဆုံး ၄၅ကျပ်ကနေ ၁၁၅ ကျပ်အထိ စျေးတက်တယ်လို့ ထားဖော်ပြပါတယ်။

ရန်ကုန်မြို့အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92 တစ်လီတာက ၂,၅၂၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂,၅၉၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၂,၆၁၀နဲ့ ပရီမီယံဒီဇယ် ၂,၉၀၅ကျပ်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ရည်ညွှန်းစျေးက နှစ်ပတ်ဆက်တိုက် တက်တယ်။ပြီးခဲ့တဲ့တစ်ပတ်ကလည်း တစ်လီတာ ၈၀ လောက်ထိ တက်ထားတာ။စျေးကသာ တက်လာပေမယ့် ဆီကတော့ လိုချင်သလောက်မပေးဘူး။တန်းစီးနေရတုန်းပဲ”လို့ ရန်ကုန်မြို့က အသက် (၄၀)အရွယ်အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထက် မန္တလေးအပါအဝင် အခြားနယ်မြို့တွေမှာ စက်သုံးဆီအခက်အခဲက နေ့စဥ် ပို ဆိုးရွားလာတယ်လို့ ဆိုပါတယ်။

မတ်လ ၅ရက်အထိ မိုးကုတ်၊စဥ့်ကူး၊လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စက်သုံးဆီ တစ်လီတာ စျေးက ကျပ်တစ်သောင်းကနေ ကျပ်နှစ်သောင်းနီးပါးထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေရှည်ဖြစ်ပွားဖို့ အလားအလာရှိနေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးက ၁၃ရာခိုင်နှုန်းကျော်( ၁၀ ဒေါ်လာ နီးပါး)စျေးတက်ထားပါတယ်။

ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတစ်ပုံရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားရတာက ရေနံစိမ်းတစ်စည်စျေးကို ဒေါ်လာ ၁၀၀အထိမြင့်တက်လာနိုင်တယ်လို့လည်း ကျွမ်းကျင်သူအချို့က ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။