Hi, what are you looking for?
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းလူအခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဘုရားကျောင်း နှစ်ကျောင်း နှင့်လူနေအိမ် ၄၀ကျော်မီးလောင်ပြာကျခဲ့ပြီး ညနေ ၆နာရီခွဲကျော်တွင် တတိယမြောက် ဘုရားကျောင်းမီးလောင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံများက ပြောကြားချက်အရ Assembly of God (AG) ဘုရားကျောင်းနှင့် Methodist Church ဘုရားကျောင်းတို့ဖြစ်သည်ဟုသိရသည်။
NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်း ဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဗိုလ်ချုပ်များကျူးလွန်သည့် အမှုပေါင်း ၇၀၀ ကျော်ကို မှတ် တမ်းတင်ထားပြီး အပြည်ပြည်ဆိုင်ရာဥပဒေရှေ့နေချုပ်များနှင့်ကြည့်ရှုနေကာ နိုင်ငံတကာရာဇ ဝတ်ခုံရုံး(ICC) ၌ တရားစွဲဆိုနိုင်ရေး စီစဉ်နေကြောင်း ပြောသည်။