Connect with us

Hi, what are you looking for?

News

ဒေါပုံရှိ တိုက်ခန်းတစ်ခန်းတွင် အနုကြမ်းစီးမှုဖြစ်၊ ငွေငါးသောင်းနှင့် နားကပ်မပေး၍ဆိုကာ အိမ်ရှင်ကို ဓားဖြင့်လှီးခံရ

“သူခိုးက အရင် ရေတောင်းသောက်လို့ တံခါးဖွင့်ပေးလိုက်ရာမှ ဖြစ်သွားတာပါ။ သူခိုးက ပိုက်ဆံငါးသောင်းနဲ့ နားကပ်တစ်ဖက်တောင်းတာ မပေးလို့ မျက်ခွံကို ဓားနဲ့မွှမ်းပြီး နားရွက်ဖြတ်သွားပါတယ်”ဟု ဒေါပုံမြို့ခံတစ်ဦးက ပြော သည်။

ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၅)နံနက် ၁၀ နာရီခွဲခန့်က နွယ်အေးရပ်ကွက်၊ ယုဇန(၁)လမ်းရှိ တိုက်ခန်းတစ်ခန်းသို့ အမျိုးသားတစ်ဦးရောက်ရှိလာကာ တံခါးခေါက်ပြီး ရေတောင်းသောက်သဖြင့် တိုက်ခန်းတံခါးဖွင့်ပေးစဥ် အနုကြမ်းစီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူခိုးက အရင် ရေတောင်းသောက်လို့ တံခါးဖွင့်ပေးလိုက်ရာမှ ဖြစ်သွားတာပါ။ သူခိုးက ပိုက်ဆံငါးသောင်းနဲ့ နားကပ်တစ်ဖက်တောင်းတာ မပေးလို့ မျက်ခွံကို ဓားနဲ့မွှမ်းပြီး နားရွက်ဖြတ်သွားပါတယ်”ဟု ဒေါပုံမြို့ခံတစ်ဦးက ပြော သည်။

ထိုသို့ဖြစ်ပွားစဥ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းသောကြောင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းစီးစဥ် သူခိုးအားမမိဘဲ ၎င်းနှင့် အဖော်လိုက်ပါလာသူတစ်ဦးကို ဖမ်းမိခဲ့ကြောင်း အထက်ပါမြို့ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သူခိုးလက်ချက်ဖြင့် ဓားဒဏ်ရာများရရှိခဲ့သော အိမ်ရှင်အမျိုးသမီးကြီးကို ရပ်ကွက်နေပြည်သူများအကူအညီဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

အထက်ပါ အိမ်ရှင်အမျိုးသမီးကြီးမှာ နေအိမ်တိုက်ခန်း၌ တစ်ဦးတည်းရှိနေစဥ် ယခုကဲ့သို့ အနုကြမ်းစီးကာ အကြမ်းဖက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက စစ်မျက်နှာပြင်အများအပြားတွင် စစ်ရှုံးနေသလို စစ်သားသစ်စုမရ တော့ဘဲ အကြပ်အတည်း တွေ့ နေချိန်တွင် လူငယ်များကိုခြိမ်း ခြောက်၍ စစ်ကောင်စီတပ်ထဲ ဝင် ရောက်ရန် အတင်းအဓမ္မ ဖိအား ပေးလာခြင်းဖြစ်သည်။

သတင်း

ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က အဆိုပါ နေအိမ်ရှိ အိမ်ရှင်အမျိုးသမီး အသတ်ခံရပြီး သူမသည် ရက်ပိုင်းအတွင်း သားဦးမွေးဖွားတော့မည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟု မြို့ခံများက ပြောသည်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် သာစည်လမ်းအရှေ့ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်ကိုက် ၂၀၀ခန့် အကွာ အမှတ်၇လမ်း​ပေါ်ရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

Facebook