Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်နှင့် ကီရင်လမ်းခွဲမှုကို Justice For Myanmar ကြိုဆို

မြန်မာဘီယာကို လူထုသပိတ်မှောက်ပြီးနောက် ၂၀၂၁ ပထမသုံးလပတ်အတွက် နှစ်စဉ် အရောင်းဝင်ငွေတွင် ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကီရင်က ကြေညာခဲ့သည်။

ကီရင်နည်းတူ အခြားသော ဂျပန်ကုမ္ပဏီများ စစ်တပ်နှင့်ဆက်နွှယ်မှုဖြတ်တောက်ရန်တိုက်တွန်း

စစ်တပ်စီးပွားရေးလုပ်ငန်းဦးပိုင်နှင့် အကျိုးတူလုပ်ဆောင်နေသည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းမှ ရုတ်သိမ်းထွက်ခွာကြောင်း ကီရင်(Kirin)ဟိုးလ်ဒင်း၏ ကြေညာချက်ကို Justice For Myanmar က ကြိုဆိုလိုက်သည်။

အထက်ပါ ကီရင်၏ ရုတ်သိမ်းထွက်ခွာမှုကို ကြိုဆိုကြောင်းကြေညာချက်နှင့်အတူ Daiwa House, Eneos Holdings နှင့် Yokogawa Bridge Corp တို့ အပါအဝင် စစ်ကောင်စီ၊ ၎င်းတို့ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် စီးပွားရေးဆက်လုပ်နေကြသည့် အခြားသော ဂျပန်ကုမ္ပဏီများ အနေဖြင့် ကီရင်ဟိုးလ်ဒင်းကဲ့သို့ မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ကာ အကြမ်းဖက်များကို ငွေကြေးထောက်ပံ့နေမှုများ ရပ်တန့်ရမည်ဟု JFM က တိုက်တွန်းသည်။

“ကီရင်ရဲ့ထွက်ခွာမှုက အကြမ်းဖက်စစ်ကောင်စီအပါအဝင် သူတို့စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ဆက်ပြီး ဆက်နွယ်ပတ်သက်နေတဲ့ တခြားစီးပွားရေးလုပ်ငန်းအားလုံးအတွက် သတိပေးချက်တရပ် ဖြစ်သင့်ပါတယ်။ အကြမ်းဖက်တွေနဲ့ စီးပွားရေးလုပ်တာက ကောင်းကျိုးပြုမှာ မဟုတ်ပါဘူး” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာဘီယာကို လူထုသပိတ်မှောက်ပြီးနောက် ၂၀၂၁ ပထမသုံးလပတ်အတွက် နှစ်စဉ် အရောင်းဝင်ငွေတွင် ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကီရင်က ကြေညာခဲ့သည်။

“မြန်မာဘီယာကို သပိတ်မှောက်မှုမှာ ပြည်သူသန်းပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ စုပေါင်းလုပ်ဆောင် မှုက စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်ဆိုတာကို ဒီလှုပ်ရှားမှုက ပြသနေပါတယ်” ဟု မရတနာမောင်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။