Connect with us

Hi, what are you looking for?

LuduNwayOo

News

မဟာအောင်မြေမြို့နယ်၏ ၁နာရီကြာမီး နေအိမ် ၂၀ကျော်ဆုံးရှုံး

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇နာရီခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၇၄-၇၅ လမ်း နှင့် ၃၇-၃၈လမ်းကြားတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး Level- 2 အဆင့် မီးငြှိမ်းသတ်ယာဥ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

ဓာတ်ပုံ - သန်းဌေး

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ဆူးလေဗလီဝင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“အိမ်ခြေက နှစ်ဆယ်ကျော်၊သုံးဆယ်လောက်ရှိမယ်။ လောလောဆယ်တော့ အထဲကို ဝင်မရသေးလို့ အတိအကျမသိရသေးဘူး။ မီးဘေးသင့်ပြည်သူကတော့ ၁၅၀ ကျော်ရှိပါတယ်”ဟု မီးဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် စကြာ သာမှုနာမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ – သန်းဌေး

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇နာရီခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၇၄-၇၅ လမ်း နှင့် ၃၇-၃၈လမ်းကြားတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး Level- 2 အဆင့် မီးငြှိမ်းသတ်ယာဥ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

၁နာရီခန့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ကျပ်သိန်း ၂၄၀ ကျော်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုအကြောင်းရင်း နှင့်ပတ်သက်၍ Gas မီးဖိုမှတစ်ဆင့် မီးစတင်လောင်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

နိုင်ငံတကာ

မီးလောင်မှုမှာ ထိခိုက်ခဲ့တဲ့ လေယာဉ်ကို လတ်တလောမှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်းလိုင်းက ကြေညာထားပါတယ်။

သတင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

သတင်း

မဟာအောင်မြေ NLD ပါတီရုံးဖျက်ဆီးမခံရခင် ရက်ပိုင်းအလိုကလည်း အမရပူရမြို့လယ်မှာရှိတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။