Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စွဲရာ နေရာလေးခုအား KNU တပ်မဟာ(၅)တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေ

ဖေဖော်ဝါရီ ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏မယ်ဝေ(မဲဝိုင်)တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှတစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာ လေးခုအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၄ရက်က စစ်ကောင်စီတပ်စခန်း နှစ်ခုနှင့် တပ်စွဲရာနေရာတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ ဖာပွန်ခရိုင် ရှိ သူးမွဲထာမြောက်ဖက်စခန်းအား တပ်မဟ(၅)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ဖာပွန်အရှေ့ဘက် တံတားဦး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ထို့ပြင် ယင်းနေ့၌ပင် ခူးသူးထာစခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏မယ်ဝေ(မဲဝိုင်)တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှတစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲလေးကြိမ်အတွင်း တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာထိခိုက်ကျဆုံးမှုမရှိဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook